Sehun ကို SoHee ဆိုတဲ့ဘအမျိုးသမီးက
တွေ့ရအောင်ဆိုပြီး ဆက်သွယ်လာတာကြောင့်
ကော်ဖီဆိုင်ကို ထွက်လာခဲ့ပေမယ့် ထိုအမျိုးသမီးက
တစ်ခုခုကိုပြောဖို့ ဝန်လေးနေသလို....."Sehun shi က အခုမှမြင်ဖူးတာလားမသိပေမယ့်
SoHee ကတော့ Sehun shiကို
အထက်တန်းကတည်းက သိတာပါ Baekhyun ကို
တစ်ဖက်သက် ချစ်နေတဲ့လူ အနေနဲ့ ပြောသင့်တယ်
ထင်လို့ပါ""Baekhyun နဲ့ ကျွန်တော် လမ်းခွဲပြီးပြီဆိုတာ
သိရဲ့လား...""Baekhyun မှာ......"
ပြေးထွက်သွားတဲ့ Sehun ကိုကြည့်ပြီး
သူပြုံးလိုက်မိတယ်..."Baekhyun yahh အဆင်ပြေပါစေ..."
Sehun အသည်းအသန်ပြေးနေမိတယ် မရပ်မနား...
""Baekhyun ရဲ့ ဦးနှောက်
မှာကင်ဆာဆဲလ်တစ်ခုဖြစ်နေတာ ...
သူ့ရဲ့ ဦးနှောက်တဖြည်းဖြည်းယိုယွင်းနေပြီ....
ပက်သက်ခဲ့သမျှ အကုန်လုံးကိုလည်း သူမေ့ကုန်ပြီ...
တစ်ခါတစ်ခါ သူ့နာမည်တောင် သူမေ့နေတတ်ပြီ
သူတစ်ယောက်တည်း တအားပင်ပန်းနေတယ်...
လျှို့ဝှက်ထားပေးဖို့ ပြောပေမယ့် သူခံစားနေရတာတွေ
မမြင်ရက်တော့လို့ပါ....Sehun shiသာ အနားမှာရှိရင်
သူပိုနေရတာသက်သာမယ်ထင်လို့....""မျက်ရည်တွေကလည်း Baekhyun အပေါ် အထင်လွဲမိ
တာတွေကိုတွေးရင်း အားမလိုအားမရ ကျနေမိတယ်...."ရူးလိုက်တာ Oh Sehun ရာ ကိုယ်ချစ်ရတဲ့ သူက
ဘယ်လို လူမျိုးဆိုတာ မသိရလောက်အောင်ကို
ရူးလိုက်တာ....!!"................
ဆေးရုံကိုရောက်တာနဲ့ Baekhyun ရဲ့ အခန်းကိုမေးကာ
အပြေးအလွှား....တံခါးဆွဲဖွင့်လိုက်တော့ ချစ်ရသူက ဆေးပိုက်တန်းလန်းနဲ့
မုန့်တွေကို ပေပွနေအောင်စားရင်း TV program
တစ်ခုကိုကြည့်ရင်း ရယ်မောနေလေရဲ့....."SoHee နင်ဘာလို့ အခုမှပြန်လာတာလဲ ငါဆေးကို
တစ်ယောက်တည်း သောက်လိုက်ရ ဟင်Se...Sehun"SoHee အထင်နဲ့ ပြစ်တင်ဝေဖန်ပြီးမှ ကိုယ့်ကိုမြင်လိုက်ရ
တော့ လန့်သွားတဲ့ချစ်ရသူက ဆေးပိုက်တွေကို
မမြင်အောင်လုပ်ဖို့ ကြံဖန်နေသေးတယ်.....
YOU ARE READING
Happy Ending ||Complete||
Fanfictionဝမ်းနည်းတယ်လို့ထင်ရပေမယ့် ဇာတ်သိမ်းလေးလှတဲ့ ပုံပြင်တစ်ပုဒ်ကိုပြောပြမယ်.... (SeBaek) short story