"Doctor ကျွန်တော် မျက်မှန်တပ်ပေမယ့်
သေချာမမြင်ရဘူးဆရာ ပါဝါတိုးတာလည်း
မဟုတ်ဘူးဆရာ မနက်ပိုင်းဆိုလည်း
အန်တယ်ဆရာ အရင်ကလည်း မနက်ပိုင်းဆိုအန်ပေမယ့်
အခုနောက်ပိုင်းပိုစိပ်လာတယ်ဆရာ အစာကြေဆေး
သောက်လည်းမရတော့ဘူး သတိမေ့တာဆိုလည်း
ခဏခဏပဲ ""Byun BaekHyun shi က ဆေးရုံကို စောလာခဲ့
သင့်တာ ဓာတ်မှန်အရဆိုရင်
ကင်ဆာဆဲလ်တွေက အတော်ပြန့်နေပြီ""ဗျာ?တော်တော်ဆိုးနေပြီလား?"
"အသက်အာမခံချက်တောင် သိပ်ပြီးတော့..."
ဘယ်လောက်....ဘယ်လောက်အသက်ရှင်နိုင်သေးလဲ?"
"လေးလက အများဆုံးပါပဲ ဒါပေမယ့် ဆေးကုသမှုကို
သေချာခံယူမယ် ဓာတ်ကင်တာ ဆေးသောက်တာလုပ်ရင်
တစ်နှစ်လောက်တော့ ဆွဲဆန့်နိုင်မှာပါ...""လုံးဝပျောက်အောင်တော့ မဖြစ်တော့ဘူးပေါ့နော်"
"တောင်းပန်ပါတယ်"
လေသံက တည်ငြိမ်နေပေမယ့် တုန်လှုပ်နေမိတာကို
ကျွန်တော်သာသိသည်....သူ....ကျွန်တော်သူ့ကို နောက်လေးလနေရင် ခွဲရမယ်ဆိုတဲ့
အသိ....ကျွန်တော်မရှိရင် သူလည်းမရှိပါဘူးလို့ ပြောထားတဲ့သူ...
ကျွန်တော်ဘယ်လိုလုပ်ရမလဲ....Sehun ah.....
--Hyun ah ဒီနှစ် ကိုယ်တို့ ချစ်သူဖြစ်တာ
၃နှစ်ပြည့်anniနော် စတွေ့တုန်းက ဆိုင်လေးကိုလာခဲ့:-*Oh Sehun--
ချစ်ရသူဆီက စာကိုမြင်တာနဲ့ သေခြင်းတရားကို ရင်ဆိုင်နေရ
သောကြောက်စိတ်သည် မြူ မှုန်လောက်ပင်မရှိတော့....ကျဆင်းနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး.....
--လာခဲ့မယ်Hun ခဏနေရောက်မယ်--
ချစ်သူကို စာခပ်သွက်သွက်ပြန်ပို့ရင်း taxi ငှါးရန်လမ်းမပေါ်
ထွက်လိုက်တယ်....."Taxi 94လမ်းမ လမ်းသွယ်4က ပေါင်မုန့်ဆိုင်လေးကို
ပို့ပေးပါ "ကားစထွက်တာနဲ့ နောက်တစ်နာရီလောက်မောင်းရဦးမှာမို့
အိပ်လိုက်ဖို့သာ ပြင်လိုက်တော့သည်....
.
.
.
.
.
.
.
"ကောင်လေးရောက်ပြီ"
YOU ARE READING
Happy Ending ||Complete||
Fanfictionဝမ်းနည်းတယ်လို့ထင်ရပေမယ့် ဇာတ်သိမ်းလေးလှတဲ့ ပုံပြင်တစ်ပုဒ်ကိုပြောပြမယ်.... (SeBaek) short story