အပိုင်း ၂

577 79 6
                                    

"Morning ဂျီ!''

"Morning ဟိုဘီ''

ကျောင်း​ပေါက်​ဝ ​ရောက်​တာနဲ့ သူမအားလာ နှုတ်​ဆက်​​သော ဟို​ဆော့အား သူမပြုံးပြလိုက်​သည်​။

"အဆင်​​ပြေတယ်​ မလား ဂျီ?''

ဟို​ဆော့ တစ်​​ယောက်​ထဲသာ သူမအား ''ဂျီ'' လို့ တယုတယ ​ခေါ်တတ်​သည်​။ သူ​ပြောခဲ့သည်​​လေ သူ့မှာ ဂျီ လိုနာမည်​တူတဲ့ ညီမ​လေးရှိခဲ့သည်​ဟု...။ အခုအဲ့​ကောင်​မ​လေးဟာ ​ကောင်းကင်​​ပေါ်တွင် ဟို​ဆော့ထက်​ အရင်​​ရောက်​နှင့်​​လေပြီ​လေ..။ သူမ စစကြားခြင်းတုန်းကဆိုရင်​ ဟို​ဆော့အား သနားမိသည်​...။ သူမအဲ့ထဲက​နေ သူမအား ဂျီ လို့ဆိုပြီး ​ခေါ်ခိုင်းခဲ့သည်​။ သူ့ဘက်​ကလည်း ဟိုဘီ လို့​ခေါ်​စေခဲ့သည်​။ ခင်​လာတဲ့တစ်​​လျှောက်​လုံး ဂျီ လို့အမြဲ​ခေါ်တတ်​တဲ့ သူ့အား သူမ ပိုတွယ်​တာမိသည်​။ ဘယ်​လို​ပြောရမလဲ ပိုချစ်​တာ​ပေါ့...ဟိုနှစိ​ယောက်​ထက်​.....။

"အင်း....''

သိသိသာသာ ညှိုးကျသွား​သော သူမမျက်​နှာအား သူလက်​ဖြင့်​အသာအယာ ​မော့​စေပြီး မျက်​နှာ အတည်​ကြီးဖြင့်​ သူမရဲ့ မျက်​လုံးတည့်​တည့်​ကို စိုက်​ကြည့်​သည့်​ သူက အရင်​လို ဟိုဘီ မဟုတ်​​တော့ပါလား....။

"ငါ​တောင်းပန်​ပါတယ်​ ဂျီ.....မ​နေ့က ငါ့​ကောင်​မ​လေး ကငါ့ကို ​ပြောစရာရှိတယ်​ဆိုလို့... ပြီး​တော့ သူ ​ပြောမယ့်​စကားက ငါမထင်​မှတ်​ထားတဲ့ စကားမို့လို့...။''

"သူ နင့်​ ကိုလမ်းခွဲလိုက်​တာလား?''

သူ မျက်​နှာကို ​ဘေးဘက်​သို့ လွှဲချလိုက်​သည်​။ ပြီး​တော့ ပြန်​လှည့်​လာတဲ့ သူ.... ဒီတစ်​ခါ​တော့ သူ့ရဲ့ မျက်​နှာမှာ အပြုံး​လေး တပ်​ဆင်​ထားလျက်​...။ ဟန်​​ဆောင်​အပြုံး​လေး....။

"အင်း.... ငါအဆင်​​ပြေပါတယ်​ ဟီး..''

အော်​....ဟိုဘီရယ်​ နင်​သိပ်​​ဟန်​​ဆောင်​တတ်​တာပဲ​နော်​...။

သူမ သိတာ​ပေါ့.... သူ အဲ့​ကောင်​မ​လေးကို အ​သေချစ်​တယ်​ဆိုတာ...။ သူ့ဘက်​က အမြဲအလိုလိုက်​ပြီး အ​လျော့​ပေးခဲ့ရသ​လောက်​ သူမတို့ထက်​ တစ်​နှစ်​ငယ်​​သော ဂျူနီယာ အနှီး​ကောင်​မ​လေးမှာ သူ့အား အဖက်​​တောင်​မလုပ်​။ သူမလိုချင်​တာကို ဟို​ဆော့အားအမြဲ​တောင်းတတ်​သည်​။
ဟို​ဆော့ကလည်း သူ​ဋ္ဌေး သားကိုး....။ အဲ့အချက်​​ကြောင့်​လည်း အဲ့က​လေးမက သူ့အားတွဲခဲ့သည်​​လေ..။ သူမ အဲ့​ကောင်​မ​လေးအား ဟို​ဆော့စစတွဲတဲ့အချိန်​ကစပြီးသိပ်​အမြင်​မကြည်​လှ​ပေ။ ဟို​ဆော့မှ အပ အဲ့​ကောင်​မ​လေးအား ဘယ်​သူမှ အမြင်​မကြည်​လှ​ပေ။

ChooseWhere stories live. Discover now