အပိုင်း ၇ (1/2)

627 67 12
                                    

Unicode~

အမြဲတမ်း တရွေ့တရွေ့နှင့် စည်ကားနေတတ်သော ကျောင်းတော်ကြီးဟာလည်း အသက်မဲ့လို့။ ခြေရာတွေမရှိသော ကျောင်းလျှောက်လမ်းမှာလည်း နင်းသူမရှိ ခြောက်ကပ်စွာ။ တကျွတ်ကျွတ်နှင့် ဆူညံနေတတ်သော ကျောင်း ခန်းမကြီးမှာလည်း အပ်ကျသံလေးမျှပင်မကြားရတော့။

လွန်ခဲ့တဲ့ ၅ရက်လောက်ကပင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် ကျောင်းကို မမျှော်လင့်ထားဖွယ် ပိတ်လိုက်ရခြင်းပင်။ မိမိကျောင်းသာမဟုတ် ကိုရီးယားနိုင်ငံတော်တွင်ရှိရှိသမျှသော ကျောင်းများအပါအဝင်။

အပြင်ဘက်အခြေအနေအား တစ်ချက်လောက် လှမ်းစစ်ကြည့်ရန် ဝေ့ဝဲကာကြည့်မိလိုက်သည်။
နေရာတိုင်းမှာ ဓာတ်ငွေ့ကြီးက ဇာပဝါကဲ့သို့ လွှမ်းမိုးထားကာ ရှေ့တွင် မည်သူမည်ဝါဟူ၍ ခန့်မှန်းလို့တောင် မရနိုင်အောင်ပင်။

အိမ်ထဲကနေ အိမ်ပြင်မထွက်ရန် အထူးသတိပေးထားသော နိုင်ငံတော်ကြောင့် ဒီနေ့ထိ အရည်မရအဖက်မရ အိမ်မှာနေနေရတုန်း။ ဘယ်တော့ ဒီဓာတ်ငွေ့ကြီးက ပျောက်သွားမလဲဆိုတာကို အထပ်ထပ်အခါအခါ စဉ်းစားကာ မြန်မြန်ပျောက်သွားဖို့ပင် ဆုတောင်းနေမိသည်။

စက်ရုံအများအပြားရှိမှုနှင့် တိုက်တာအဆောက်အအုံများအလွန် အကျူးများမှုကြောင့် ဆိုဒီယမ်အောက်ဆိုဒ်ဓာတ်ငွေ့များအများအပြားထွက်လာခြင်းကြောင့် ခြောက်ခြားဖွယ် နေရာတိုင်းတွင်ယူထားသည်။ ယနေ့သတင်းအရ လူသေသူ ၃၀၀ ခန့်ပင်ပြည့်တော့မည်။ ဒုတိယ အင်္ဂလန်လိုတော့မဖြစ်ပါစေနဲ့။

———

ဂျီမင်း ဆန်းဘေး~

အဲ့နေ့က ကိုယ့်ကိုအနမ်းတွေခြွေသွားပြီး အဆက်အသွယ်ပင်မလုပ်လာပေ။ မျှော်နေတယ်လို့တော့မဟုတ်ပေမယ့် ကိုယ့်ကိုတွဲကြရအောင်ပြောပြီး ကိုယ်ကအရမ်းလန့်သွားတော့ ထွက်ပြေးမိလိုက်တာ ဘာမှတောင်ဆက်မပြောလိုက်ရ။ အိုက်ယားး တုံးလိုက်တာ ဘာလို့ထွက်ပြေးမိခဲ့တာတုန်း!

ထွက်မပြေးရင်လည်း ကိုယ့်ကိုဖမ်းစားတော့မဲ့ပုံစံနေတဲ့ သူ့ကြောင့် ဘယ်သူကထွက်မပြေးနိုင်မလဲ။ သူများမိန်းကလေးတွေလို မကောင်းတဲ့ကောင်ဆိုပြီး ပါးရိုက်တဲ့ကောင်မမှမဟုတ်တာ။

ChooseWhere stories live. Discover now