*Dracula*--1

3.1K 216 22
                                    

အချိန်ကာလအားဖြင့် (3) နှစ်တာမျှကြာညောင်းခဲ့ပြီ...

လွန်ခဲ့တဲ့ (3)နှစ် အရုပ်သရဲပျောက်ကွယ်သွားပြီးသည့်
နောက်ပိုင်းမှစလို့ အရာအားလုံးဟာ ပျော်ရွှင်ဖွယ်အတိပင်...

Baek လဲသူ့ရဲ့ပန်းချီတွေကိုဆက်လက်ဆွဲရင်း
တစ်နေ့တစ်ခြားပိုမိုအောင်မြင်လာတဲ့ လူငယ်ပန်းချီဆရာ
တစ်ယောက်ဖြစ်နေလေပြီ

အတိတ်ကဖြစ်ရပ်တွေကြောင့် အရင်လိုအရုပ်တွေကိုလဲသိပ်မရူးသွပ်တော့...
အရင်ကထက်စာရင် သိပ်ပြီးကလေးမဆန်တော့ဘဲ
အတော်လေးကိုရင့်ကျက်လာပြီဖြစ်သည်။

သူအဲ့လိုရင့်ကျက်လာလို့လဲကျွန်တော်အတော်လေးကို
စိတ်ချနိုင်ခဲ့တာ

ကျွန်တော်အရင်က Appa ရဲ့ Company မှာဝင်လုပ်တယ်ဆိုပေမဲ့ အခုနောက်ပိုင်းတော့ Company ကိစ္စတွေပါမက ကျွန်တော်ယူထားတဲ့ရှေ့နေဘွဲ့နဲ့အညီ ရှေ့နေအလုပ်ကိုပါတွဲလုပ်ဖြစ်သည်။

အမြဲတမ်းလုပ်တာတော့မဟုတ်ပေမဲ့
Company ကိစ္စတွေအနည်းငယ်လောက်လျော့နည်းလာတဲ့အခါ အကျိုးဆောင်ရှေ့နေပုံစံမျိုးအလုပ်တွေကိုလက်ခံဖြစ်သည်။

အဲ့အလုပ်က တခါတလေခရီးထွက်ရတယ်
နီးတဲ့နေရာတွေဆို Baek ကိုအမြဲခေါ်သွားလေ့ရှိပေမဲ့
အရမ်းဝေးပြီးကြမ်းတမ်းတဲ့နေရာမျိုးဆိုရင်တော့
သူ့ကိုအိမ်မှာသာနေစေသည်။

Baek လေးကအတော်လေးကိုရင့်ကျက်လာတာမို့
အလုပ်ကိစ္စခရီးသွားရင်တောင်စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်တယ်လေ...

ချစ်လို့စိတ်ပူတာလဲပူတာပေါ့

ယခုလဲ ကျွန်တော့်အလုပ်ကိစ္စနှင့် ခရီးသွားရပေဦးမည်။
နိုင်ငံရပ်ခြားဖြစ်တဲ့ ဂျာမနီဘက်ကိုသွားရမည်ဖြစ်တာကြောင့်
Baek ကိုမလိုက်စေလို...

သွားရမဲ့နေရာကအနည်းငယ်ချောင်ကျပြီး
ခရီးကြမ်းတယ်လို့ကြားရသည်။
Appa ရဲ့သူငယ်ချင်းကိုယ်တိုင် အကူညီတောင်းထားတာမို့ မသွားချင်လဲသွားရပေဦးမည်။

အလုပ်ကိစ္စအပ်တဲ့သူက ဒီကိုလာဖို့အခက်အခဲရှိလို့တဲ့
အဲ့တာကြောင့် ကျွန်တော်ကိုယ်တိုင်သွားရမယ်

*Dracula*(The Ghost Doll S-2)Où les histoires vivent. Découvrez maintenant