*Dracula*--2

1.1K 184 18
                                    

တောင်တွေးမြောက်တွေး...
အင်း...အဓိကကတော့ Baekအကြောင်းတွေးတာပေါ့

အတွေးပေါင်းစုံတွေးရင်း
အမှောင်ထုထဲ ထိုင်နေမိတာ တစ်နာရီနီးနီးပင်ရှိတော့မည်။

ခုချိန်ထိဘာထူးခြားမှုမှမရှိဘဲ
ပကတိတိတ်ဆိတ်လျှက်သာပင်...

ထိုအခိုက် ရဲတိုက်ကြီးရဲ့ တံခါးမကြီးအတွင်းဘက်
တစ်နေရာမှ တံခါးမကြီးအနီးသို့ ချဉ်းကပ်လာသော
ခပ်ပြင်းပြင်းခြေသံတစ်သံနဲ့အတူ
အပေါက်ကြို အပေါက်ကြားမှ ထွက်ပေါ်လာသော
အလင်းရောင်များကို တွေ့လိုက်ရသည်။

တံခါးသော့ကိုဖွင့်နေသည့် အသံများကြားပြီးနောက်
တံခါးမကြီးပွင့်လာခဲ့သည်။

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က
အရပ်မြင့်မြင့် အသားဖြူဖြူနဲ့
အတော်ပင်ထွားကြိုင်းပါသောလူတစ်ယောက်...

တစ်ကိုယ်လုံးကိုအနက်ရောင်သာ
ဝတ်ဆင်ထားကာ သွေးရောင်ပင်မရှိလောက်အောင်
ဖြူစွတ်နေတဲ့သူ့အသားအရည်နဲ့
အလွန်ပင်ပနံသင့်လှသည်။

"လူကြီးမင်း Park Chanyeol ရောက်ရှိလာပြီလား?
ကြွပါခင်ဗျ"

ကျွန်တော့်ကိုတရိုတသေပင်
အိမ်ထဲဖိတ်ခေါ်လင့်ကစား
သူသည် အိမ်အပြင်သို့ခြေတစ်လှမ်းပင်ထွက်လာခြင်းမရှိခဲ့ပေ

သူ့စကားကိုအသိမှတ်ပြုစွာ
ကျွန်တော်ခေါင်းတစ်ချက်ညိမ့်ကာ
အိမ်ထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက်
ထိုလူက ကျွန်တော့်နားတိုးလာကာ
ကျွန်တော့်လက်မောင်းကိုလာဆွဲညှစ်သည်။

အားကြီးလွန်းတဲ့သူ့ကြောင့်
ကျွန်တော်နာကျင်သွားတယ်ဆိုတာတော့
ရှုံ့မဲ့သွားတဲ့ ကျွန်တော့်မျက်နှာမှာ
အထင်းသားပေါ်နေသည်လေ

"ကြိုဆိုပါတယ် Park Chanyeol shi"

စကားအဆုံး ထိုလူပြုံးလိုက်တဲ့အပြုံးကို
ကျွန်တော်အတော်လေးမနှစ်မြို့လှ...

ဘယ်လိုအပြုံးမျိုးလဲ?
မဲ့ပြုံးလား....
လှောင်ပြုံးလား....

ဟင့်အင်း ကျွန်တော်မခွဲတတ်ဘူး
ဒါပေမဲ့သေချာတာတော့ အဲ့အပြုံးကြီးကအေးစက်ပြီး
ကျောချမ်းစရာကောင်းနေတာဘဲ

*Dracula*(The Ghost Doll S-2)Wo Geschichten leben. Entdecke jetzt