*Dracula*--4

2.4K 235 90
                                    

နိုင်ငံရပ်ခြားကိုခရီးသွားရတာမို့
အချိန်အတော်ပင်ကြာမြင့်သည်။

စိတ်ကလဲလောနေတာမို့
ခရီးကပိုလို့ပင်ကြာနေသယောင်...

လေယာဉ်ပေါ်မှာ စိုးရိမ်စိတ်ကြောင့်
ဂဏာမငြိမ်ဖြစ်နေတဲ့ Baek ကို
Sehun တို့ကြည့်ပြီး သက်ပြင်းချချင်းကိုသာလုပ်ဆောင်နိုင်သည်။

သူတို့လဲ Chanyeol ကိုစိတ်ပူနေတာဘဲလေ
အန္တရာယ်မှကင်းရဲ့လား Chanyeol....

"ငါလေ စိတ်တွေအရမ်းလေးနေတယ်
Yeol တစ်ခုခုဖြစ်နေလားမသိဘူး"

ငိုသံစွတ်ကာပြောလာတဲ့ Baekhyun
စကားကြောင့် Luhan သူ့ကျောပြင်လေးကိုပုတ်ကာ
နှစ်သိမ့်ပေးရှာသည်။

"Chanyeol ဘာမှမဖြစ်လောက်ပါဘူး Baekhyun...
မင်းစိတ်လေးတည်ငြိမ်အောင်အရင်ထားသင့်တယ်
မင်းလဲသိတာဘဲ Chanyeol ကမင်းကိုတစ်ယောက်တည်းထားပြီးထွက်သွားမဲ့သူမှမဟုတ်တာ...
သူအဲ့မကောင်းဆိုးဝါးကိုရင်ဆိုင်နိုင်မှာပါ"

"ဒါပေမဲ့ သူကသာမာန်မကောင်းဆိုးဝါးမဟုတ်ဘူးလေ Luhan...
စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်...
သူ့ကိုဖျက်ဆီးခဲ့လို့ငါတို့ကိုအငြိုးထားနေတာ
အဲ့မကောင်းဆိုးဝါးကို Yeol လိုသာမာန်လူကရင်ဆိုင်နိုင်ပါ့မလား....ငါစိတ်ပူလို့သေတော့မယ်

ငါမှားတာပါ....Yeol ဒီခရီးစဉ်ကိုသွားမယ်ဆိုကတည်းက
ငါ့စိတ်တွေလေးနေခဲ့တာ...
သူ့ကိုမသွားဖို့ငါရအောင်တားခဲ့သင့်တာ
အခုတော့....."

ကျွန်တော်ငိုချလိုက်မိသည်။

မျက်ရည်တွေကိုထိန်းမထားနိုင်တော့ပါ...

Yeol ဘယ်လောက်တောင်ခက်ခဲနေမလဲ
မကောင်းဆိုးဝါးလက်ထဲမှာ တစ်ယောက်တည်း
ဘယ်လောက်တောင်ကြောက်နေလိမ့်မလဲ

ခဏလေးဘဲ...ခဏလေးဘဲ စောင့်ပေးပါ Yeol ah...
Baek လာနေပြီမို့လို့
ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့

ရှိုက်ကြီးတငင် ငိုနေတဲ့ Baekhyun ကို
Luhan နှစ်သိမ့်ပေးရုံသာတတ်နိုင်သည်။

ကျွန်တော်နားလည်ပါတယ် Baek ရဲ့စိတ်ကို
အတော်လေးစိတ်ပူနေရှာမှာ

You've reached the end of published parts.

⏰ Last updated: Oct 15, 2018 ⏰

Add this story to your Library to get notified about new parts!

*Dracula*(The Ghost Doll S-2)Where stories live. Discover now