All Black ကို သားနားစွာဝတ်ထားသည့်
Jumpol Entertainment ၏ CEO
ဖြစ်သူ Off Jumpol၏ ရုံးခန်းတွင်းသို့
ဝင်လာကာ ပေါင်ပေါ်တက်ထိုင်လိုက်တဲ့
ကောင်လေးတစ်ယောက်....ထိုသူကား..
Jumpol Entertainment ၏ Model တစ်ဦးဖြစ်သူ Gun Atthaphan ပင်..."ဦး...ငယ်လေ ဗိုက်ဆာလို့...အဲ့ဒါ..."
"ဘယ်ဆိုင်မှာ စားချင်လဲသွားရအောင်လေ..."
ဘယ်အရာမဆို ထိုကလေးစိတ်ကြိုက်ဖြစ်နေစေဖို့က
အဓိကပါလေ...
Model ဖြစ်ချင်သည်ဆိုလို့ သူကိုယ်တိုင်
မြေထောင်မြှောက်ပေးခဲ့တာ
ခုတော့ Super Star ဖြစ်နေတဲ့ကောင်လေးကို
Off စိတ်မချနိုင်ပါ..."ဦး..."
Off ခါးကို တင်းနေအောင်ဖက်ထားရင်း
ရင်ခွင်ထဲက မော့ကြည့်နေတဲ့ ထိုကလေးငယ်..."ဦး လို့....."
စိတ်မရှည်တော့သလို ခေါ်ရင်း
သူ့နှုတ်ခမ်းပိစိတို့က
Off လည်ပင်းထက် အနမ်းခပ်ဖွဖွပေးလာသည်။Off လည်း အလိုက်တသိ ထိုကလေးပေါက်
နှုတ်ခမ်းကို နှုတ်ခမ်းတစ်စုံနဲ့ ဖိကပ်ပေးထားမိသည်...."ဦး...ကျွန်တော့်ကို ချီ..."
လည်ပင်းကို လက်သွယ်သွယ်တို့ဖြင့် သိုင်းဖက်ကာ ရင်ခွင်ထဲတိုးဝင်ရင်း
ချွဲနေတဲ့ အနှီပေါက်စ.."ငယ် က လေးတော့ ဦးမနိုင်ဘူးရယ်...."
Off တစ်ယောက် Gun ကို စချင်လို့သာ
ထိုသို့ပြောလိုက်ခြင်း..."Gun ကသေးသေးလေးပါနော်
အဖိုးကြီး...ခင်များသာ အိုနေတာ...."ပြောချင်ရာပြောပြီး ပေါင်ပေါ်က
ဆင်းသွားတဲ့ ကောင်လေးရဲ့လက်ကို
လှမ်းဆွဲရင်း ဆူထော်ထားတဲ့ နှုတ်ခမ်းပါးလေးတွေကို
အားပါပါ နမ်းရှုပ်လိုက်သည်.."လူကြီးကို ပြန်ပြောလို့အပြစ်ပေးတာ..."
"အပြစ်ပေးတာ ကြိုက်လို့ ပြန်ပြောချင်သေးတယ်..."
ဒီကလေးတော့ လူကိုရူးအောင်....
"သွားရအောင်လေ ဗိုက်ဆာနေတယ်ဆို..."
"အဲ့ ဂျယ်လီလိုနှုတ်ခမ်းကို စားလိုက်ရလို့
ဗိုက်တောင် ပြည့်သွားသလိုပဲ...."
YOU ARE READING
OffGun One Shot Collection (Z+U)
Fiksi PenggemarFor My Gun Atthaphan and Off Jumpol