My mysterious Joon

705 119 2
                                    

ဆိုင်နဲ့ ခပ်ဝေးဝေးကို လမ်းသွယ်လေးတစ်ခုကို ရောက်လာတော့ တင်းထားရသော စိတ်ကို လျော့ချလိုက်သည်။

မဖြစ်နိုင်လို့ပဲ ဒီအထိ မျိုသိပ်လာခဲ့ပြီးမှ ဒီလိုဖျက်ဆီးလိုက်လို့ ဘယ်ဖြစ်မလဲ။

သူကျဆင်းလာသည့်မျက်ရည်တွေကို ကြမ်းကြမ်းတမ်းတမ်းသုတ်ပစ်လိုက်၏။ထို့နောက် ဆိုင်သို့ ပြန်ကာ နောက်ကြောင်းလှည့်ရန်ပြင်စဉ်...

"Hyung"

သူ့ရှေ့ကို ရောက်လာပြီး သူ့မျက်ရည်တွေကို အင်္ကျီလက်ဖျားလေးနှင့် ဖွဖွလေးထိသုတ်ပေးနေသည့် Joonလေး။

"ဘာလို့ ပြေးရတာလဲ hyungရယ်"

သူဘာမှ ပြန်မဖြေမိ။

"Hyung"

ထို့နောက် အေးစက်နေသော သူ့ပါးကို နူးနူးညံ့ညံ့လေး အုပ်ကိုင်လျက် သူ့ကို မေးလာသည်က....

"Hyung ကျွန်တော့်ကို ချစ်တယ်မလားဟင်"

သူသံပတ်ပေးထားသလို ခေါင်းကိုသာ တွင်တွင်ခါယမ်းပစ်လိုက်၏။ခြောက်သွေ့နေသော မျက်ရည်စီးကြောင်းတို့အပေါ် မျက်ရည် အသစ်များက နေရာယူလာကြသည်။အကြည့်တို့ကမူ Joonလေး၏ မျက်နှာချောချောမှ မရွှေ့သေး။

တွေတွေကြီးရပ်၍ အသံတိတ်ငိုနေသော သူ့ကို Joonလေးက သက်ပြင်းတစ်ချက်ချ၍ ရင်ခွင်ထဲ ဆွဲသွင်းပစ်လိုက်သည်။

ခေါင်းကို အသာပုတ်ကာ..

"Hyung အမှားမှ မဟုတ်ဘဲ ဝမ်းမနည်းပါနဲ့ Hyungရယ်"

"Joonလေး..ငါ..ငါ"

"မပြောပါနဲ့တော့ hyung"

သူJoonလေးကို မော့ကြည့်လိုက်တော့ Joonလေး ပါးပြင်မှာ မျက်ရည်လေးတစ်ကြောင်း။သူအံ့သြသလို ကြည့်မိတော့ ပြုံးပြလာခဲ့သည်။

ထို့နောက် သူပတ်ထားသော မီးခိုးရောင် မာဖလာလေးကို ဖြုတ်၍ သူကို ပတ်ကာ ညှိုးညှိုးလေး ပြုံးပြပြန်သည်။ခပ်မှိန်မှိန် လမ်းမီးတိုင်များအောက်တွင် သူ့မျက်ရည်များက တလက်လက်တောက်ပနေပြီး မျက်ဝန်းတို့မှာမူ ဝမ်းနည်းခြင်းအရိပ်တို့ သိသာထင်ရှားလျက်။

"Hyungကို ကျွန်တော် နားလည်ပါတယ်။"

ထိုနေ့က ကျောခိုင်းထွက်သွားသော Joonလေးကို သူနှုတ်ဆက်စကားပင် မပြောနိုင်ခဲ့ပါ။

Your Grace(The Namjinist)Where stories live. Discover now