လူနေအိမ်တွေ၊ဘာတွေ မရှိဘဲ တက်လမ်းတစ်ခုသာရှိတဲ့ ဒီတောင်ကုန်းလေး။ထိုတောင်ကုန်းလေးပေါ်မှာမှ တစ်ပင်တည်းထီးထီးပေါက်နေသောသစ်ပင်လေးက မြက်ခင်းစိမ်းရှည်ရှည်တို့နှင့် လိုက်ဖက်နေ၏။ Hoseokက တစ်ခါပြောပြခဲ့ဖူးသည်။ဒါhyungတို့ကမ္ဘာကို သွားနိုင်သည့် ပင်မမုခ်ပေါက်၏ နေရာဖြစ်သည်တဲ့။
တောင်ကုန်းလေး၏ အောက်ခြေရောက်တော့ ကားကို စက်သတ်လိုက်ပြီး တဟုန်ထိုးပြေးတက်ခဲ့လိုက်သည်။
တောင်ထိပ်ရောက်တော့ တွေ့ပါပြီ။အညိုရောင်ဖျော့ဖျော့ ကုတ်လေးနဲ့ နွမ်းလျနေသော သူ့ရဲ့ Hyung။
လေပြည်အေးအေးက တစ်ချက်ချက်ဝေ့တိုက်သွားတော့ ဆံစညိုညိုလေးတွေက နူးနူးညံ့ညံ့လေး လွင့်ပျံနေသေး၏။သူ့ခေါ်သံကြားတော့ အံသြတကြီးလှည့်ကြည့်လာခဲ့သည်။
မျက်နှာလေးတောင် ချောင်သွားတာပဲ hyungရယ်။မတွေ့ရတာ ကြာလို့လားပဲ။
သူမောဟိုက်နေသည့်ကြားမှ အသက်ကို အလုအယက်ရှူ ကာ hyungကို အပြစ်ဖို့လိုက်သည်။
"Hyung ဘာဖြစ်လို့ ကျွန်တော့်ကို နှုတ်ဆက်မသွားတာလဲ"
သူ့ကို ကြည့်ရင်း hyungမျက်ရည်တွေ ဝေ့လာသည်။သို့သော်
Hyungက မျက်တောင်တွေကို ခပ်မြန်မြန် ပုတ်ခတ်ရင်း မျက်ရည်တွေကို ထိန်းကာ နှုတ်ခမ်းနုနုကို ကိုက်လျက် အေးစက်စွာမေးသည်။"မင်းဘာလာလုပ်တာလဲ"
"Hyung ကျွန်တော့်ပွဲ ရောက်လာတယ်ဆိုလို့"
Hyungက သူပြောတာကို မကြား။ကျွန်တော့်အဝတ်အစားများကို ကြည့်ကာ တည်တင်းနေသော မျက်နှာလေးက ပြေလျော့သွားပြီး စိုးရိမ်ရိပ်တို့က လွှမ်းတက်လာကာ သူ့အသံသေးသေးလေးဖြင့် အော်တော့သည်။
"မင်းအခု ပွဲတန်းလန်းကြီးနဲ့ ထွက်လာခဲ့တာလား!!!လူတွေ သတိထားမိကုန်ရင် ဘယ်လိုလုပ်မလဲ!!"
သူ့အင်္ကျီတွေကို ဆွဲဆွဲကြည့်ရင်း ဆူပူနေသော hyungကို သူပြုံးဖြီးဖြီးလေးသာ ကြည့်နေလိုက်သည်။Hyungက သူ့ကို စိတ်ပူပေးနေသေးတာပဲ။
Hyungက သူ့ကို သက်ပြင်းလေးချလျက်
"ငါ..ငါ..ဒီလိုပုံစံနဲ့ မင်းကို ဘယ်လိုလုပ်စိတ်ချထားခဲ့လို့ ရမှာလဲ Joonလေးရယ်"
YOU ARE READING
Your Grace(The Namjinist)
Fanfictionကောင်းကင်နဲ့ မြေပြင်ရဲ့ လှပတဲ့ ပေါင်းစည်းမှု Book cover-by KLiz93