အကယ်၍များ မနက်ဖြန်အတွက်
မျှော်လင့်ချက်ဆိုတာ ရှိနေသေးရင်
အဲ့ဒီမျှော်လင့်ချက်လေးက
မင်းသယ်ဆောင်လာတာပဲ ဖြစ်စေချင်တယ်※※※※※※※※※※※※※※※※※※
ကားပြတင်းပေါက်ပေါ်သို့ လက်ကို တင်လိုက်ပြီး ထိုလက်ပေါ်သို့ မေးကိုတင်လိုက်ကာ တစ်ခါမှ မခံစားဖူးသေးသည့် ပတ်ဝန်းကျင် အသစ်၏ လေအချို့ကို အားရပါးရ ရှူသွင်းလိုက်သည် ရာသီဥတုကလည်း သာယာသောကြောင့် ကောင်းကင်ကြီးက ပြာလဲ့နေသည် မြို့အသစ် နေရာအသစ်က စိတ်တို့ကိုလည်း အသစ်ဖြစ်အောင် ပြောင်းလဲပေးနိုင်မလား ။
အဖေ့အလုပ်က အတော်အဆင်ပြေလာတာကြောင့် အမေနှင့်
ကျွန်တော် Daegu မှ Seoul ဆီသို့ အိမ်ပြောင်းလာခဲ့ ကြသည် ကျောင်းကလည်း အထက်တန်းနောက်ဆုံးနှစ်သာ ရှိသေးသဖြင့် ကျောင်းပါ တစ်ခါတည်း ပြောင်းလာခဲ့ရသည်
အရင်ကျောင်းက သူငယ်ချင်းများကိုလည်း လွမ်းမိသား။ကားလေးက အိမ်တစ်အိမ်သို့ ဆိုက်ရောက်သွားသည် အဖေက အလုပ်အတော်အဆင်ပြေပုံရသည် အိမ်အသစ်က Daeguက အိမ်ထက် ကြီးပြီး ပိုခမ်းနားသည် ကားသံကြားသဖြင့် အဖေက အိမ်ထဲမှ ထွက်လာကြိုသည်။
'' သားလေး မတွေ့ရတာကြာတော့ ထွားလာလိုက်တာ ''
အဖေက အရမ်းကြည့်ကောင်းလာပြီး ပိုခန့်လာသည်
အဖေနှင့်ကျွန်တော် သိုင်းဖက်လိုက်ကြသည် မထိတွေ့ရတာကြာသော အထိအတွေ့တို့က ပိုပြီး နွေးထွေးသယောင်ရှိသည်။'' အမလေး သားအဖတွေ ဖြစ်နေလိုက်ကြတာ ''
အမေက မကျေနပ်သလိုဝင်ပြောတော့ အမေ့ကိုပါ ဆွဲဖက်လိုက်ကာ သုံးယောက်သား အချိန်အတော်ကြာ ထွေးပွေ့နေလိုက်ကြသည် မိသားစုလေးက တကယ်ပင် နွေးထွေးသည် မိသားစုဆိုသော အဓိပ္ပါယ်လေး ပိုရှိလာသည်။
YOU ARE READING
Truly Madly Deeply
FanfictionAt the very least we laughed, Far more than we cried. Maybe it wasn't so bad after all. Jeon Jung kook × Kim Tae Hyung