Part-7

7.9K 841 49
                                    


After 5 years later ,

At Vante Cafe ..

" Hyung ကျွန်​​တော်​ သွားပြီ​နော်​ "

" အင်း Jihoonie ဂရုစိုက်​ "

ကျောင်းသွားမည့်​အ​ရေးကို ထပ်​ခါတစ်​လဲလဲ နှုတ်​​ဆက်​​နေတာ​ကြောင့်​ ရီလိုက်​မိသည်​။ အိမ်​ကလည်း ချမ်းသာသည့်
Uni ​ကျောင်းသား​လေးက ကျွန်​​တော့်​ ဆိုင်​အ​သေး​လေးတွင်​ အချိန်​ပိုင်း လာလုပ်​သည်​တဲ့ ။ သူများကြားရင်​ယုံမည်​မဟုတ်​။
အချိန်​ပိုင်း ဆိုလို့ တစ်​ချိန်​ထဲ လာသည်​လည်း မဟုတ်​ပြန်​။
ကျောင်းအားရင်​အားသလို ဆိုင်​မှာပင်​ လာ​နေ​လေ့ရှိသည်​။
ကိုယ့်​ဘက်​ကသာ က​လေးတစ်​​ယောက်​လို ဆက်​ဆံ​နေတာ။
တစ်​ခါတစ်​ခါဆို သူ့စကား​တွေက အ​နှောင့်​အသွားမလွတ်​။
အင်း​လေ.... ဒီအရွယ်​က စိတ်​ကစားတတ်​ကြတယ်​မလား။

"Hyung Hyung !!! "

" ဟင်​ Jihoonie ဘာကျန်​ခဲ့လို့လဲ "

" အနားကို နည်းနည်းတိုးခဲ့ "

သူ့စကား​ကြောင့်​ ​ကောင်​တာမှာ ထိုင်​​နေရင်း ခါးကို အနည်း
ငယ်​ ကုန်း​ပေးလိုက်​​တော့ ပါး​ပေါ်​ရောက်​လာတဲ့ နူးညံသည့်
အထိအ​တွေ့​ကြောင့်​ မျက်​နှာအနည်းငယ်​ထူ​ပူသွားသည်​။

" အဲ့တာကျန်​ခဲ့​တာ သွားပြီ​နော်​...​အော်​ ဒါနဲ့
Hyung အရမ်းချစ်​ဖို့​ကောင်းတယ်​ "

ပြောရင်းဆိုရင်း သွားခဲ့​သော ထိုက​လေးကို ကြည့်​ကာ
ပြုံးမိလိုက်​သည်​ ။ ကိုယ့်​ဘက်​က​တော့ အဖြူ​ရောင်​ သံ​ယောဇဉ်​ အချို့သာ ရှိခဲ့တာပါ။ အခုချိန်​ထိ နှလုံးသား ပိုင်​ရှင်​က မ​ပြောင်းလဲခဲ့ဘဲ ။ သူ​ရော ချစ်​သူ​တွေ ရ​နေခဲ့ပြီလား။
ငယ်​ရွယ်​တဲ့ CEO တစ်​​ယောက်​ ဖြစ်​​နေပြီလို့လည်း အ​ဖေတို့
ပြော​နေတာ ကြားခဲ့ရသည်​ ။ သူ့အ​ကြောင်းကြားလိုက်​တိုင်း
နှလုံးခုန်​သံ​တွေက မြန်​​နေဆဲပါပဲ ။ သူပြန်​လာဦးမှာလား...
မဖြစ်​နိုင်​တာပဲ.. သူကိုယ့်​ကိုမုန်း​နေ​လောက်​ပြီ​လေ...
သူချိန်းထားတဲ့ ​နေရာကို မသွားနိုင်​ခဲ့တာ​ကြောင့်​ ...

Truly Madly Deeply Where stories live. Discover now