အချစ်တစ်ခုတည်ဆောက်ဖို့
ယုံကြည်မှုက အရေးကြီးဆုံး
မဟုတ်လား .......
ဘာကြောင့် ယုံကြည်မှုကို
တန်ဖိုးမထားဘဲ အချစ်ကို
ဖျက်ဆီးချင်ရတာလဲ ......◀◀◀◀◀◀◀◀◀◀◀▶▶▶▶▶▶▶
အလိုက်မသိသော Song Jung Hae ကြောင့်...သူမ
ခေါ်သွားသည့် စားသောက်ဆိုင်သို့ ပါလာခဲ့ရပြန်သည် ။
သူမတော့ စကားကို ရေပက်မဝင်အောင် ပြောနေသော်
လည်း....သူမပြောသည့် စကားများကို ကြားတစ်ချက်
မကြားတစ်ချက် ဖြစ်နေသည် ။Tae အခုချိန် စိတ်တိုနေလောက်ပြီလား ...ဒါမှမဟုတ်
တစ်နေရာရာမှာ သွားငိုနေလောက်ပြီလား ...ရူးမတတ်
စိတ်ပူနေရသည် ။ Tae ဘယ်လောက် ခံစားလွယ်တယ်
ဆိုတာ..ကျွန်တော် ကိုယ်တိုင်လဲအသိပင်...အရှေ့တွင် ချထားသော ပန်းကန်ပြားထဲမှ steak ကို
ခက်ရင်းဖြင့် ထိုးဆွနေရင်း Tae ကိုသာ တွေးနေမိသည် ။
ခဏနေတော့ ဖုန်းထဲသို့် message တစ်စောင် ဝင်လာ
သဖြင့် ဖွင့်ကြည့်မိတော့ ကမ္ဘာပျက်သွားသလိုခံစားလိုက်
ရသည် ။ဘာမှမစဉ်းစားနိုင်တော့ဘဲ ဆိုင်ထဲမှ ထွက်လာကာ Tae
ဆိုင်လေးသို့ အမြန်သွားမိသည် ။ အမှန်တကယ်ပြောတာ
မဟုတ်ပါစေနဲ့ လို့ ဆုတောင်း နေခဲ့ရင်း ....
တစ်လမ်းလုံး ဖုန်းဆက်နေသော်လည်း စက်က ပိတ်ထား
သေးသည် ။ ဆိုင်သို့ ရောက်သွားတော့လည်း ....
ဆိုင်စောင့် ကောင်လေးက ပြန်သွားပြီဆိုသောကြောင့်
Tae အိမ်သို့ လိုက်သွားကြည့်သည် ။
ထိုအိမ်တွင်လည်း ရှိမနေခဲ့ပြန် .....သွားတတ်မည်ထင်သည့် နေရာတိုင်း လိုက်ရှာခဲ့သော်လည်း
အရိပ်အယောင်ပင် မတွေ့ရ ။ အရူးတစ်ယောက်လို ဟိုပြေး
ဒီပြေးဖြစ်နေခဲ့သည် ။ ရှာမတွေ့သည်အဆုံး Tae အိမ်ရှေ့
တွင် ကားထိုးပြီး ဘယ်အချိန်ပြန်လာမလဲ..စောင့်ကြည့်နေခဲ့
သော်လည်း မိုးသာလင်းသွားခဲ့သည် ။ သူပြန်မရောက်လာ...
ESTÁS LEYENDO
Truly Madly Deeply
FanficAt the very least we laughed, Far more than we cried. Maybe it wasn't so bad after all. Jeon Jung kook × Kim Tae Hyung