နှစ်ယောက်သား ခုံတစ်ခုတွင် ဘေးချင်းကပ်ရပ်ထိုင်ပြီး
လေထုမှာ အတန်ငယ် တိတ်ဆိတ်နေသည် ။ ရောက်
နေသည့် နေရာမှာတော့ လူရှင်းနေသည့် ပန်းခြံတစ်ခု
တွင်သာ ... အေးဆေး စကားပြောရန် လာခဲ့သော်လည်း
လက်တွေ့တွင်တော့ နှုတ်ဆိတ်နေကြသည် ။" Tae ... "
လေထုကို စတင်ဖြိုခွင်းလိုက်တာက Jung kook ...
" အင်း "
" ကိုယ်အထင်လွဲမိခဲ့လို့ တောင်းပန်ပါတယ်.. "
သူပြောရင်း လက်ချောင်းများကို ဆုပ်ကိုင်ကာ ခပ်ဖွဖွ နမ်း
သည် ။ မျက်ဝန်းထဲတွင် အရောင်လဲ့နေသောကြောင့် မျက်ရည်ဝိုင်းနေမှန်း ရိပ်မိလိုက်သည် ။" Jung kook ဘယ်လိုသိခဲ့တာလဲ? "
" ကိုယ်Taeကို စိတ်နာပြီး Japan ကို ထွက်
သွားခဲ့တယ်..နောက်ပြီးတော့ အလုပ်ကိစ္စကြောင့်
L.Aကို ထပ်သွားခဲ့တယ်..အဲ့မှာ Jihoon နဲ့တွေ့
တာ..သူပြောပြလို့ ကိုယ်အကြောင်းစုံသိခဲ့ရတယ်..ကိုယ်တစ်နှစ်လုံး Tae ကို မလွမ်းခဲ့တဲ့ရက်
မရှိခဲ့ပါဘူး .. Tae ကိုယ့်ကို မုန်းနေပြီလားဟင် "သူ့ရင်ခွင်ထဲဝင်ကာ သူ့ကို တင်းကြပ်စွာ ဖက်ထား
လိုက်ပြီး ရင်ဘတ်ကို မျက်နှာအပ်ကာ ရှိုက်ငိုမိသည်။
ကျွန်တော့် ကျောကို ပုတ်ပေးရင်း ဆံပင်လေးများကို
ညင်သာစွာ နမ်းနေသည် ။" Tae မမုန်းပါဘူး Taeဆီ ပြန်လာပေးလို့
အရမ်းကျေးဇူးတင်တယ် ပြီးတော့ ချစ်တယ် Jung kook"အရမ်း ပြောချင်ခဲ့သည့် စကား တစ်ခွန်းကို ဖွင့်ပြောခွင့်
ရလိုက်၍ ရင်ထဲ ပေါ့သလိုရှိသွားသည် ။ သူ့ရင်ခွင်ထဲ မှ
ဆွဲထုတ်ကာ ပါးပေါ်မှ မျက်ရည်များကို သူ့လက်ချောင်း
များဖြင့် သုတ်ပေးနေသော်လည်း သူ့ပါးပေါ်မှာလည်း
မျက်ရည်များက နေရာယူလျက်.. အပြန်အလှန် သုတ်ပေး
နေရင်း အနမ်းတို့အား တစ်ဖန် ဖန်တီးခဲ့ကြပြန်သည် ။
BINABASA MO ANG
Truly Madly Deeply
FanfictionAt the very least we laughed, Far more than we cried. Maybe it wasn't so bad after all. Jeon Jung kook × Kim Tae Hyung