တိတ်တခိုး-၂၂

1.4K 174 22
                                    

OST for this chapter,
Lee Suk Hoon's "I'll be there"
💢💢💢💢💢💢💢💢💢💢💢💢

Italian restaurant တစ်​ခု​ရှေ့တွင်​အနက်​​ရောင်​​ပြောင်​လက်​​နေ​သောကားတစ်​စီးဆိုက်​ရပ်​လာပြီး​နောက်​ကား​ပေါ်မှလူလတ်​ပိုင်းအရွယ်​မျက်​နှာချိုချိုနှင့်​လူတစ်​​ယောက်​ဆင်းလာပြီး​ဆိုင်​တွင်းသို့​ခြေလှမ်းမှန်​မှန်​ဖြင့်​ဝင်​​ရောက်​လာသည်​။ဆိုင်​တွင်းရှိလူများအားတစ်​ချက်​​ဝေ့ကြည့်​လိုက်​ပြီးထိုသူ၏​ခြေလှမ်းတို့ကသီးသန့်​ခန်းဆီသို့ဦးတည်​သွား​လေသည်​။

"အကြာကြီး​စောင့်​လိုက်​ရလားမသိဘူး"

အသံ​ကြောင့်​ချန်း​ယောလ်​​မော့ကြည့်​လိုက်​​တော့သူနဲ့မတိမ်းမယိမ်းအသက်​​လောက်​​လောက်​ရှိမည့်​ခပ်​​ချော​ချောအမျိုးသားတစ်​မျိုးကို​တွေ့လိုက်​ရသည်​။လေးစားသမှုဖြင့်​မတ်​တပ်​ရပ်​လိုက်​ရင်း...။

"တာဝန်ခံယူ ထင်​ပါရဲ့ ကျွန်​​တော်​လည်း​ရောက်​တာမကြာ​သေးပါဘူး"

တစ်​ဖက်​အမျိုးသားက​ပြုံးကာ​ခေါင်းတချက်​ဆတ်​ပြရင်းချန်း​ယောလ်​ထံလက်​တစ်​ဖက်​ဆန့်​တန်းလာသည်​။

"​တွေ့ရတာဝမ်းသာပါတယ်​ ကျွန်​​တော်​ယူဂျယ်​​ယောင်းပါ အချင်းချင်းသိ​နေကြ​ပေမဲ့အ​ကြောင်းအမျိုးမျိုး​ကြောင့်​အခုမှပဲဆုံဖြစ်​ကြတယ်​ "

သူလည်းလက်​တစ်​ဖက်​ဆန့်​တန်းနှုတ်​ဆက်​လိုက်​ရင်း...။

"ဟုတ်​ပါရဲ့...ကြားထားတဲ့အတိုင်းတာဝန်​ခံယူကတကယ်​ကိုခန့်​ညားတာပဲ..."

"အဟား...မဟုတ်​တာဗျာ ချန်း​ယောလ်​ရှီကသာအပြင်​မှာပိုကြည့်​​ကောင်းတာပါ "

ထိုစဉ်​မှာပဲ ချန်း​ယောလ်​ကြိုတင်​မှာထား​သောဟင်းလျာများအားနိုင်​ငံခြားသူဝန်​ထမ်းမိန်းက​လေးများကလာချ​ပေးကြသည်​။

"ဒီဆိုင်​ကနာမည်​ကြီးဟင်းလျာ​တွေ​တော့ကျွန်​​တော်​ကြိုမှာထားလိုက်​တယ်​ အဆင်​​ပြေရဲ့လား"

"ရပါတယ်​ နှစ်​​ယောက်​လုံးကလည်းအချိန်​ရကြသူ​တွေမဟုတ်​​တော့ကြိုမှာထားတာ​ကောင်းပါတယ်​ ဒါနဲ့ ကျွန်​​တော့်​ကိုခုလို​တွေ့ကြဖို့ချိန်းတာ​နေ့လည်​စာအတူတူစားဖို့သက်​သက်​​တော့မဟုတ်​ဘူးမလား "

Unseen 「 completed 」Where stories live. Discover now