No OST for this chapter.
💢💢💢💢💢💢💢💢💢💢💢💢
သူ့ရဲ့ပထမဆုံးmini album "Love spell"ပြီးနောက်ဆက်တိုက်ဆိုသလိုပထမဆုံးfull album ဖြစ်တဲ့"Cherry lips"ကိုဖြန့်ချီခဲ့ရာအားလုံးမှန်းထားသည်ထက်ပင်ပို၍အောင်မြင်ခဲ့သည်။Movieကြောင့်အာရုံစိုက်ခံနေရချိန်ဖြစ်၍မှန်းထားသည်ထက်ပိုအောင်မြင်တာလည်းဖြစ်နိုင်သည်...။
သူ့fan clubထဲတွင်တရှိန်ထိုးများပြားလာသည့်fanအရေအတွက်ကြောင့်မကြာသေးခင်ကပဲသူကိုယ်တိုင်fan meetingတစ်ခုလုပ်၍Dandanie(단단이)
တနည်းအားဖြင့်strength ဟုအဓိပ္ပါယ်ရသည့်fandom nameလေးတစ်ခုပေးခဲ့သည်...။သူ့မန်နေဂျာလေးမင်ဝူ၏ပြောစကားအရသူ့fandomထဲရှိလူ၏တစ်ဝက်လောက်မှာပတ်ချန်းယောလ်fandomထဲမှyeolmaeများဖြစ်ကြသည်တဲ့...။ခုခေတ်မိန်းကလေးများ၏80 per centလောက်မှာHomoကိုလက်ခံအားပေးသူများဖြစ်ကြရာသူနဲ့ပတ်ချန်းယော်အားChanSoo coupleဟုဆိုကာshipနေကြသူများမှာလည်းထုနဲ့ဒေးဆိုသဖြင့်သူ့မှာအောင့်သက်သက်နှင့်ပြုံးလိုက်ရသေး၏...။
တခါတလေတော့လည်းခုခေတ်သမီးပျိုများ၏စိတ်ကိုသူတကယ်ပဲနားကိုမလည်နိုင်ပါ...။Thailandမှအစပြုလိုက်သည့်BL seriesများကြောင့်ပဲမိန်းကလေးအတော်များများHomoလက်ခံသူတွေဖြစ်လာကြသလားတော့မပြောတတ်ပေ...။ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းခါလိုက်ရင်းဘေးတွင်ထိုင်ကာဖုန်းတစ်လုံးဖြင့်အလုပ်ရှုပ်နေသောမင်ဝူအားလှမ်းမေးလိုက်သည်...။
"ရောက်ဖို့ဘယ်လောက်လိုသေးလဲ..."
သူမေးလိုက်ကာမှမင်ဝူတစ်ယောက်ဟိုဟိုသည်သည်ခေါင်းမော့ကြည့်လိုက်ရင်း...။
"လိုသေးတယ်...မိနှစ်နှစ်ဆယ်လောက်နေရင်တော့ရောက်မှာပါ...ကားကလည်းပိတ်နေတော့...မပူပါနဲ့မှီပါတယ်..."
သွားစွယ်လေးတွေပေါ်တဲ့အထိပြုံးကာပြောရင်းသူ့ဖုန်းနှင့်သူငုံ့ကာအလုပ်ပြန်ရှုပ်နေလေသည်...။သူနဲ့မင်ဝူကအသက်လပိုင်းလောက်သာကွာသော်လည်းသူကအနည်းငယ်ပိုတည်ငြိမ်ပုံပေါ်ပြီးမင်ဝူကတော့ကလေးဆန်ကာချစ်ဖို့ကောင်းသောပုံစံလေးဖြစ်သည်...။ရင်းနှီးသည်မှာမကြာသေးသော်လည်းဒီကောင်လေးကိုသူသံယောဇဉ်ရှိပါသည်...။လူသစ်မလို့SMကသူ့အားနာမည်ကြီးagentချမပေးသော်လည်းမင်ဝူလိုစိတ်ထားကောင်းပြီးအလုပ်နဲ့ပတ်သက်လျှင်တက်တက်ကြွကြွရှိလှသည့်ကောင်လေးမျိုးချပေးခဲ့တာပဲကျေးဇူးတင်ရပေမည်...။
YOU ARE READING
Unseen 「 completed 」
Romanceချစ်တယ် .. ။ တိတ်တခိုး ရေရွတ်ခဲ့ရင်းကပဲ အမုန်းတွေထဲ မွေ့ပျော်လာခဲ့၏။