" လူ့မိစ္ဆာ မိုးကြိုးငယ်​ "

1.6K 149 26
                                    


ဇာတ်​လမ်းအစက.. သည်​လို.. ၊

ယခင်​​ရှေးအခါက.. နန်း​မြေအား ခြိမ်း​ခြောက်​ဖိနှိပ်​​စေခဲ့​သော.. တုန်​လှုပ်​​ခြောက်​ခြားဖွယ်​ လူငယ်​တစ်​ဦး ရှိခဲ့​လေသည်​.. ၊ ထိုလူငယ်​ အရွယ်​​ရောက်​လာတာနှင့်​အမျှ.. " ၀ံပု​လွေအသွင်​ ကျားဆိုးသခင်​ " ၊ " သတ်​လို့မ​သေ ဆားငံ​ရေ " ဟူ​သော ဂုဏ်​ပုဒ်​များနှင့်​ နန်းသူနန်းသားများ.. ၊ တိုင်းသူပြည်​သားများ၏ နှုတ်​ခမ်းဖျားမှ.. မချနိုင်​ဘဲ.. ထိုလူငယ်​၏ ​ဆိုးသွမ်းသည့်​ ဂုဏ်​သတင်းများအား.. ​ကျော်​ကြားလှသည်​ဟု ဆိုရမည်​...။ သူသည်​.. ဂင်​မင်းဆက်​တွင်​​တော့.. စစ်​အားစားသုံး​သော နတ်​ဘီလူးနှယ်​.. ။

အနှီလူငယ်​ကား တစ်​ခြား​တော့ မဟုတ်​.. ၊
ရှင်​ဘုရင့်​သား​တော်​.. တဖြစ်​လဲ.. အိမ်​​ရှေ့စံ ဂင်​ဂျုံဒယ်​.. ။
မောက်​မာခက်​ထန်​သည်​ဟု အမည်​​ကျော်​​သော ထိုအနှီ​ရွှေမင်းသားသည်​.. ​၀င့်​ထယ်​​ချော​မောသည့်​ အသွင်​အပြင်​ရှိပါလျက်​ အင်​မတန်​ သွေးဆာ​သော မင်းသား...၊ အင်​မတန်​ ရက်​စက်​​သော မင်းသား..၊ အင်​မတန်​ ကြင်​နာခြင်းတရားမရှိသည့်​ မင်းသား..၊ အင်​မတန်​ စိတ်​မြန်​​သော မင်းသား...၊ ညှာတာ​ထောက်​ထား သနားခြင်း လုံးဝဥဿုံ မရှိသည့်​ မင်းသား..။

ထိုမင်းသား ဘ၀တွင်​.. သူ ချစ်​မြတ်​နိုးသည့်​အရာကား နှစ်​ခုသာ ရှိခဲ့သည်​.. ။ ဤကား စစ်​ နှင့်​ ​သေရည်​​သေရက်​ ။

စကားတစ်​ခွန်းပင်​ အမှားမခံသည့်​ အမျက်​ထွက်လွယ်​​သော ထိုမင်းသားငယ်​၏ ဘွဲ့နာမည်​ကား.. " မိုးကြိုးငယ်​ " ၊ မိုးကြိုးငယ်​တို့က စိတ်​ကလည်း မြန်​သလို.. လက်​ကလည်း အ​တော်​ မြန်​လှသည်​.. ၊ သူ မချစ်​,မနှစ်​သက်​သည့်​ စကားကြားရပါက.. အ​မေးမြန်းမရှိ မင်းသား၏ ဓားချက်​​အောက်​ ချက်​ချင်း အသက်​​ပျောက်​ရ​လေသည်​..၊ မျက်​နှာ အ​နေအထား ၀င်းမွတ်​​ချော​မော၍ ခန္ဓာကိုယ်​ထင်​သ​လောက်​ မ​ထောင်​​မောင်း မရှည်​လျား​သော်​လည်း အထင်​​သေးမရ ၊ စစ်​ကစားလွန်း၍ ခန္ဓာကိုယ်​က ကြွက်​သားတို့အပြည့်​.. ၊ ဖျတ်​လတ်​​ပေါ့ပါးလွန်း၍ စစ်​ထွက်​ရာတွင်​ လျှပ်​စီးများလက်​သလို ဖြိုးခနဲ ဖျတ်​ခနဲ.. ရန်​သူကို အလဲဖြိုနိုင်​သည်​အထိ...၊

နန်း​မြေ့အရှင်​...~Où les histoires vivent. Découvrez maintenant