" တိမ်​​သွေးနီလာ "

755 76 14
                                    

"ငါ့ရဲ့ စစ်​ဝတ်​ရုံတစ်​ခုလုံး ​သွေး​တွေရွှဲပြီး 
ကြောက်​မက်​ဖွယ်​ တလဲ့လဲ့ နီမြန်း​တောက်​​နေလည်း..
ငါ လိုချင်​တဲ့ အရာကို ငါ မရဘူး.. ၊
လေးလံ​နေတဲ့ စိတ်​​တွေက လုံးဝဉဿုံ မ​ကွယ်​​ပျောက်​ဘူး

အမုန်းဓာတ်​​တွေ ​မပြယ်​ဘူး "

မိုးကြိုးအရှင်​ ၏ ​သွေးတမြမြရွှဲ​နေသည့်​ ဓားသွားက သူ့လည်​ပင်းအား အပြတ်​ဖြတ်​​တော့မ​ယောင်​ ​တေ့​ထောက်​ထား​သော်​ငြား ' တိမ်​​သွေးနီလာ 'ဘွဲ့ခံ ဂျွန်​​မြောင်​ သည်​ စိတ်​​သောက​တို့ပြည့်​နှက်​စွာ ပူ​ဆွေးပြင်းပြ​နေ​သော မျက်​ဝန်းသား​တို့ဖြင့်​ အရှင့်​သားအား​ ​မော်​ကြည့်​​နေဆဲ ။

နှင်းပွင့်​တို့ မြုပ်​နှံထားသ​ယောင်​ သူ့အသား​အ​ရေကဲ့သို့ ​ဖွေးဆွတ်​​နေတတ်​သည့်​ သူ့​ဒေါင်းဖြူဝတ်​ရုံက ယခုအခါ​တော့ အရှင့်​သား​၏အမျက်​​ကြောင့်​ နီမြန်းခဲ့ပြီ ထို့အတူ သူ့နှလုံးသားအိမ်​ကလည်း အရှင့်​သား​ကြောင့်​ တစစီ အက်​ကွဲပြိုဆင်းခဲ့ပြီ ။ ​ခြောက်​ခြားမှု၊ သိတတ်​မှု၊ ခံစားနိုင်​စွမ်းတို့ ဘာဆိုဘာမျှ မကျန်​ရှိ​လောက်​​အောင်​ သူ့ရင်​အစုံတို့ လှစ်​ဟာဆင်း​နေခဲ့ပြီ

" အရှင့်​သား.. ကျွန်​​တော့်​ကို သတ်​ပါ..
ကျွန်​​တော့်​​သွေးကို ဖဝါးနဲ့ ​နင်းပြီး နန်းတက်​ပါ..

လဝန်းငယ်​ မရှိဘဲ တုန်​လှုပ်​စွာ ရှင်​ကျန်​ရစ်​ပြီး မ​နေလို​တော့..။ "

သူ့စကားစတို့ အဆုံးတွင်​ စိတ်​လိုက်​မာန်​ပါ ဆတ်​ခနဲ ​မြှောက်​သွားသည့်​ ဓားသွားသည်​ ​တော်​ဝင်​​သွေးအား ထိုး​ဖောက်ဆွဲ​မွှေပစ်​​တော့မည့်​နှယ်​ ​ပူ​လောင်​မြိုက်​​နေ​သော ​နေ​ရောင်​​အောက်​ တဖြတ်​ဖြတ်​ လျက်​လျှက်​ရှိသည်​။ စိတ်​​ယောင်​ထင်မှား​သောတိုးသဲ့​သည့်​ ​လေချွန်​သံက သူ့နားထဲသို့ ဖြတ်​တိုက်​သွားသည့်​​နောက်​ အချိန်​အတန်​ကြာ ​ထောက်​ကန်​ထားခြင်း​ကြောင့်​ ဒူးတို့ ကျိမ်းဖန်​​နေသည့်​ ဂျွန်​​မြောင်​က သူ့မျက်​ဝန်းအစုံအား ညင်​သာစွာ ဖိပိတ်​လိုက်​သည်​ ။

နန်း​မြေ့အရှင်​...~Onde histórias criam vida. Descubra agora