အအေးဆိုင်တွင် xiumin တို့ အုပ်စု ထိုင်ရင်း xiuminနဲ့ chenတို့စကားများနေချိန် dyoတစ်ယောက် မှိုင်တွေငေးမောနေ၍ chenက xiuminအား မျက်စပစ်ပြကာ ပြလေသည်။ xiuminကလဲ ပုခုံးတွန့်ပြလေသည်။
chen လည်းမနေသာတော့ပဲ dyoအားမေးလိုက်လေသည်။
" ဟိတ်ကောင် dyo dyo မင်း ဒီနေ့ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းပါလား "
" အေးလေ ဘာဖြစ် "
" ငါ ဟိုလူကြီးကိုမတွေ့ရတာ ကြာပြီကွာ "
" ဒါများ ဟိုတခါမင်းနဲ့ဆုံတဲ့ ဆိုင်မှာ သွားရှာပေါ့ "
" အေးလေ "
xiumin အပြောကို chen က ထောက်ခံသည့်ပုံနဲ့ ဝင်ပြောလိုက်လေသည်။
" ဟူးးးး ရှာပါတယ်ကွာ မတွေ့ဘူး "
dyo သက်ပြင်းလေးချကာ မှောက်အိပ်နေစဉ် chen ဆီက အသံစာစာကိုကြားလိုက်ရလေသည်။
" xiu xiu ဟို ဘဲကြီးကိုကြည့်စမ်း စောက်ရမ်း သန့်တယ်ကွာ "
" အေးနော် မိုက်တယ် အရပ်လဲရှည်တယ် ယောက်ျာပီသတဲ့ပုံနဲ့ အားကျလိုက်တာကွာ "
" dyo ဟိတ်ကောင် ကြည့်လိုက်စမ်း "
" ဘာလဲကွာ ဘာလဲ "
" ထကြည့်ပါဆို "
chen က dyoလက်ကိုပုတ်ကာ အတင်းပြောနေ၍ သူလဲ မတတ်သာပဲ စိတ်ပျက်စွာ ခေါင်းထောင်လိုက်ပြီး သူတို့ကြည့်နေရာ ကောင်တာသို့ နောက်ပြန် လှည့် ကြည့်လိုက်လေသည်။
" ဟင် "
" chen ပိုင်ရှင်လားသိဘူး မိုက်တယ်နော် "
" အေး တောက် ငါတို့ ဒီဆိုင်လာနေကျပါ တခါမှ မတွေ့ဘူး "
" အေးလေ ဟိ ကြွေပြီကွာ "
" ဘာ xiu မင်းနော် "
" ဘာဖြစ်လဲ ငါ့ဘာသာ ကြွေတာ "
" အေးပါ ရပါတယ် ငါပြန်ပြီ dyo "
" ဟာ ဘာဖြစ်တာလဲ ဒါလေး စတာကို "
" အာ မင်းတို့ အပေါက်တွေအကုန် ခနပိတ် သူက ငါ့အပိုင်ကွ မှတ်ထား "
" ဘာ !!!! "
chenတို့ ၂ဦးသား ပြိုင်တု အော်လိုက်မိလေသည်။ chenအသံက နဲနဲကျယ်သွား၍ ကောင်တာမှ chanyeol လှမ်းကြည့်မိတော့ dyo တစိယောက် chen ပါးစပ်အား လက်နဲ့လှမ်းပိတ်လိုက်ကာ chanyeolကို ပြုံးပြလိုက်လေသည်။