ကလေးရဲ့ ကိုကို

540 38 4
                                    

ကိုကို နာမည်က chanyeol တဲ့ ။ကိုကိုနဲ့ သူ ဆူံတွေ့ပုံက မိုးထဲမှာပေါ့ ။

ကျွန်တော့် နာမည်ကdyo dyoပါ။ ကျွန်တော် က ဂီတနဲ့ အနုပညာ ကျောင်းးတတ်နေသူတစ်ယောက်ပါ။တနေ့ ကျွန်တော်  ဂီတာလေးဝင်ကြည့်နေတုန်း ဆိုင်ထဲမှာ ဂီတာနဲ့ သံစဉ်အချို့ထွက်လာလေသည်။

"  ဟင်  ဒီသီချင်း အို ငါကြိုက်တဲ့ သီချင်းပဲ "

" ဘယ်သူတီးနေတာပါလိမ့် နားထောငိကောင်းလိုက်တာ "

သူဂီတာတီးသူအား ဆိုင်ထဲ ပတ်ရှာကြည့်လိုက်လေသည်။

ထိုလူကို မြင်ပြီး သူ့စိတ်တို့သည် တမျိုးလေးဖြစ်ကာ ရင်ထဲ အအေးလှိုင်းတခု သိမ့်ခနဲ့နေအောင် ဖြတ်တိုက်သွားလေသည်။

ထိုလူရဲ့ပုံစံက အရမ်းကိုဆွဲဆောင်မှုရှိလေသည်ခြေတစ်ဖက်ကိုချိတ်ကာ ခေါင်းလေးငုံ့ပြီး ဂီတာ တီးနေပုံလေးကအရမ်းကို စမတ်ကျနေလေသည်။

" အို ချော လိုက်တာ "

" ကလေး ကလေး "

သူ့အား ပုခုံးကို လာပုတ်ကာ အော်ခေါ်မှ သတိပြန်ဝင်လာလေသည်။

"  ဗျာ "

" မင်း ဒီဂီတာ ယူမှာလား "

"  ဗျာ ဟို  ဟို "

သူ့နဲ့ဆိုင်ရှင်ဦးလေးကြီး အသံကြား၍ ထိုလူက ဂီတာတီးရပ်ကာ မော့ကြည့်လာလေသည်။

"  ယူမှာလားလို့ "

"  ဟို ဟို ကျွန်တော့်မှာ ပိုက်ဆံ မလောက် မလောက်သေးဘူး "

သူလဲ ရှက်ကာ နားရွက်တွေနီလာပြီး ထိုလူကို တချက်ကြည့်ကာ ထွက်ပြေးလာလေသည်။

chanyeol လဲ ခုနက အဖြစ်အပျက်ကြောင့် သူ့ကို လိုက်ငေးကြည့်နေမိလေသည်။

ထိုကလေးကို သူသတိထားမိတာကြာပါပြီ ။ ဒါကြောင့် လဲ သူ ဒီဆိုင်လေးသို့ ခနခနလာကာ ဂီတာတီးတတ်လေသည်။ဆိုင်ရှင်ဦးလေးကြီးနဲ့ လဲ ခင်တာကြာနေပီမို့ အထူးပြောစရာမလိုပေ။

ထိုကလေးသည် ဆိုင်ကိုလာကာ အမဲရောင်နဲ့ အဖြူရောင်စပ်ထားသည့် ဂီတာလေးအား အမြဲ လာလာကိုင်ကြည့်ကာ ပြန်ပြန်ထွက်သွားတတ်လေသည်မို့ သူသတိထားမိနေလေခြင်းဖြစ်သည်။

တနေ့ chanyeol အလုပ်ကိစ္စနဲ့ မြို့ထဲအလာ မိုးရွာလာ၍ ဆိုင်တခုရှေ့ ခန မိုးခိုနေလေသည်။ထိုစဉ် သူ့ဘေးနားလူတစ်ယောက် လာရပ်၍ ကြည့်လိုက်တော့ ဟိုကောင်လေးဖြစ်နေလေသည်။

"  ဘာကြည့်နေတာလဲ ဗျ "

"  ဟို မင်း ဂီတာဆိုင်က တစ်ယောက် မှတ်လား "

" ဟုတ်ပါဘူး "

" ဟုတ်ပါတယ်  မင်းပါ သေချာတယ် "

"  အာ  မဟုတ်ပါဘူးဆို ဒီလူကြီးကလဲ '"

dyo လဲ ရှက်ပြီး နားရွက်တွေနီလာကာ ထွက်ပြေးရန်လုပ်လိုက်စဉ် သူ့လက်အား ထိုလူကြီးက ဆွဲထားလေသည်။

" ဘာလုပ်တာလဲ ဗျ "

"  မိုးရွာနေတယ်လေ "

" အရေးကြီးလို့လား ကဲ လာလာ "

ပြောပြောဆိုဆိုနဲ့ chanyeolသူ့ကုတ်အိင်္ကျီကိုချွတ်ကာ မြှောက်ကိုင်ကာ မိုးလိုက်ပြီး သူ့အားခေါ်နေလေသည်။

သူလဲ သင်တန်းနောက်ကျနေ၍ တွေးမနေတော့ပဲ chanyeolပြေးဝင်လိုက်လေသည်။

" ကိုယ် ပြေးဆိုတာနဲ့ပြေးမယ်နော် "

"  အင်း "

chanyeolလဲ ကုတ်ကို မြှောက်ကိုင်ကာ မိုးလိုက်တော့ dyoလေသည် သူ့ရင်ဘတ်ထဲရောက်နေလေသည်။

"  ပြေး ကလေး "

၂ယောက်သားမိုးရေထဲပြေးကျလေသည်။chanyeol ကကုတ်ကိုကိုင်ကာ ပြေးသလို ရင်ဘတ်နားက ကလေးကလဲ ပြေးနေလေသည်။

dyo တစ်ယောက် လူကသာပြေးနေလေသည်။စိတ်ထဲ ပျော်နေလေသည်။ သူသဘောကျသည့် သူရဲ့  ရင်ခွင်နားရောက်နေ၍ ထိုလူ့ ကိုယ်သင်းရနံ့ လေးကို ရကာ နွေးထွေးလုံခြုံ သလိုခံစားရနေလေသည်။

"  ပျော် လိုက်တာ သူ့ကိုယ်နံ့လေးက မွှေးနေတာပဲ ဟိ "

ပြုံးလိုက်မိလေသည်။chanyeolတို့လဲ ခန နားလိုက် ပြေးလိုက်နဲ့ ထိုနေ့က dyoလေး သင်တန်းရှေ့အရောက်ပို့ပေးခဲ့လေသည်။

ထိုနေ့က သူတို့၂ဦးစလုံးရဲ့  ရင်ထဲ ပြုံးပျော်စရာ အမှတ်တရလေးရှိခဲ့ကြလေတော့သည်။

" ကလေးရဲ့ ကိုကို "  Where stories live. Discover now