အိမ်အတွင်းမှအသံတွေကြားရတာကြောင့်နှစ်ယောက်သား အိမ်ထဲသို့အပြေးဝင်လာလိုက်လေသည်။
"လိုက်မလာနဲ့လို့ပြောမထားဘူးလား''
ဝင်ဝင်ချင်း ဖောင်းအစ်နေသောမျက်လုံးမို့မို့နဲ့နီရဲနေသော မျက်နှာတို့အားကြည့်ချင်းဖြင့်ကလေးဘယ်လောက်တောင်ငိုထားကြောင်းသိနိုင်လေသည်။
"ဦးတောင်းပန်ပါတယ်ကွာ ဦးကြောင့် baekhyunငါတို့ကိုသဘောတူပေးပါ''
"ငါ့ကိုပြောရမှာမဟုတ်ဘူးကွ သားကိုမေးရမှာမင်းကွာ...''
"အမ်.....''
ဒါ.....ဒါဆိုယောက္ခထီးသူငယ်ချင်းကြီးကသဘောတူတယ်တဲ့လား သူ့ရဲ့အချစ်ဆုံးသားလေးနဲ့ ကလေး....ကလေးကရောဘာလို့ငိုနေတာလဲ။
"အခုချက်ချင်းအခန်းထဲလိုက်ခဲ့''
ခြေဆောင့်ကာဝင်သွားသောကလေးလေးကြောင့် သူငယ်ခိင်းယောက္ခထီးအားသွားဖြီးပြရင်းကလေးနောက်လိုက်ရင်ပြင်ရတော့သည်။
"Chanyeol သေချာချော့ခဲ့ သားကမင်းမိန်းမတွေစိတ်ဝင်စားတာကိုသူသဘောမကျဖြစ်နေတာ မင်းကငယ်ငယ်လေးထဲကအဖေတစ်ယောက်လိုထိန်းခဲ့တော့ ကလေးကခင်တွယ်နေတာလေ မင်းမိန်းမယူတော့မယ်ဆိုတော့ ကလေးကစိတ်မကောင်းဖြစ်သွားတာသေချာချော့ခဲ့ကွာ ငါသားအတွက် bubbletae သွားဝယ်ပေးလိုက်အုံးမယ်''
ဟိုက်သေရော ငါကိုကအတွေးလွန်သွားတာ။ကလေးနဲ့ရည်းစားတွေဖြစ်နေကြောင်း baekhyun မသိသေးဘူးဘဲကိုတော်သေးတယ် လွှတ်ခနဲမထွက်မိလို့။
အတွေးတို့အားလက်စသတ်ပြီးကလေးရဲ့အခန်းထဲကိုသာ ဝင်လာခဲ့လိုက်သည်။ဝင်ဝင်ခြင်း ခေါင်းအုံးနဲ့မျက်နှာတည့်တည့်အား ပစ်ခံလိုက်ရတော့သည်။
ခေါင်းအုံးတင်ဘဲလား မဟုတ်သေးဘူးကျန်သေးတယ် ကလေးမွေးနေ့ကဝယ်ပေးထားတဲ့အရုပ်နဲ့ပါထပ်ဆော်ခံရသေးသည်။စိတ်ထဲမှာတော့ ကလေးလေးကချစ်လို့ပန်းနဲ့ပေါက်ပြီးကျီစယ်တယ်လို့သာ တွေးထားလိုက်တော့သည်။
"အီးဟီး......မကောင်းတဲ့လူကြီး....သောက်အဖိုးကြီး...... မလိုက်နဲ့ဆိုတိုင်းတကယ်မလိုက်လာတဲ့လူကြီး......''
![](https://img.wattpad.com/cover/144852025-288-k915927.jpg)