Variety of Love EP-6

324 19 0
                                    


Variety of Love (EP-6)

next morning, at school, class

"ဟဲ့ နင်တို့ က နိုင်ငံခြားမှာ စီပွားပျက်လို့ ဒီကို ထွက်ပြေးလာတာဆို"
ပြောလိုက်သူကတော့ ကျောင်းအုပ်သမီး အရိုင်းအစိုင်း ပင်ဖြစ်သည်။ sharon စာကျက်နေရာမှ ခေါင်းမော့ကြည့်လိုက်သည်။ chaeyoung လည်း ရောရောင်၍ကြည့်မိသည်။
"ဘာလဲ အကြွေးတွေ တင်ပြီး ပြန်မဆပ်နိုင်တော့မှ ကိုယ့်နိုင်ငံ ကိုယ် ပြန်ထွက်ပြေးလာတာလား"
chaeyoung စိတ်ထဲတွင်တောင် ဟာ ခနဲဖြစ်သွားသည်။ ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ဟိုအရိုင်းအစိုင်းက အသံကျယ်ကျယ်ပြောနေသောကြောင့် တစ်တန်းလုံးက အာရုံစိုက်နေကြသည်။ sharon မျက်နှာ့ ကိုပါ တစ်ချက်ကြည့်မိလိုက်သည်။ ဂရုမစိုက်သော ပုံနှင့်ပင်။

"နင်တို့ အဖေက ဒီလောက်တောင်အသုံးမကျဖူးလား အာပလာပဲ"
"ဟမ်"
ဒါကတော့ တော်တော်လွန်သွားပြီ။ သူများ မိဘ တွေကိုတော့ မစော်ကားသင့်။ တစ်တန်းလုံးကလည်း ထိုသို့ တွေးနေပေမယ့် တစ်ဖက်က အရိုင်းအစိုင်း ဆိုတော့လည်း ရန်ဖက်မဖြစ်တော့။ ထိုအချိန် chaeyoung မျက်လုံး က sharon လက်နှစ်ဖက်ဆီသို့ ရောက်သွားခဲ့သည်။ စာရေး စာပွဲခုံအောက်တွင် ပေါင်ပေါ်တင်ပြီး ဝှက်ထားသော လက်တစ်ဖက်မှာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထား၍ ကျန်ခုံပေါ်တင်ထားသော လက်တစ်ဖက်မှာ တုန်ရီနေသည်။ chaeyoung ဒါတွေကို အခုမှ သိခြင်းမဟုတ်။ ထို့ကြောင့်ဘာမှ မဖြသိသော်လည်း တစ်တန်းလုံးသို့ မသိစေချင်။ ထို့ကြောင့် ……

"ဘာတွေပြောနေတာလဲ မဟုတ်ပါဖူး"
chaeyoung ဝင်ပြောလိုက်မိသည်။ sharonရော ဟိုအရိုင်းအစိုင်း၏ အကြည့်တွေရော တစ်တန်းလုံး၏ အကြည့်တွေ ကပါ သူဆီ ရောက်လာခဲ့သည်။ Sharon ဆိုသော မိန်းကလေး၏ အရှက်နှင့်သိက္ခာ သည် သူ့လက်ထဲသို့ရောက်လာခဲ့ပေပြီ။

"ဘာ!!Son Chaeyoung နင်က ဘာသိလို့ဝင်ပြောတာလဲ"
"ငါသိလို့ပေါ့"
"ဘာ!!!"
"ဟုတ်တယ်လေ ဟိုနေ့က သူနဲ့ငါ အတူပြန်တော့ သူ့အကြောင်းပြောပြတယ်လေ နင်ပြောသလိုမဟုတ်ပါဖူး"
တကယ်တော့ ထိုနေ့ အတူပြန်စဉ်က စကားတစ်လုံးမှတောင်မပြောဖြစ်ခဲ့……
"ဘာ! ငါ့အဖေပြောတာကို နင်က မဟုတ်ဖူး လို့ပြော… ပြော……"

A Tale About Lovin' Twice !!!Where stories live. Discover now