Variety of Love EP-9

342 20 1
                                    

"ကလင်လင်"(ကျောင်းဆင်းခေါင်းလောင်းထိုးသံ)
"chaeng ဘာလုပ်နေတာလဲ မပြန်ဖူးလား ကျောင်းဆင်းပြီလေ"
"aww omm unnie"

ညနေခင်းကျောင်းဆင်းချိန်…………
chaeyoung နှင့် sharon အတူတူ ပြန်လာခဲ့သည်။ လမ်းတွင်ဘာမှတော့မပြောဖြစ်ကြ။ sharon ကတော့ ပုံမှန်ပေမယ့် chaeyoung ကတော့တစ်ခုခုကိုလေးလေးနက်နက်တွေးနေဟန်ရှိသည်။ မနက်က ကိစ္စကြောင့်လား………
"ဘာတွေစဉ်းစားနေတာလဲ"
"ဟမ်!unnie ဘာဖြစ်လို့လဲ"
"ငြိမ်နေလို့လေ နင်ကဒီလိုငြိမ်နေတတ်တဲ့သူမှမဟုတ်တာ ဟားဟားဟားး!!!"
sharon ကတော့ သူဟာသူပြောပြီးရီနေခဲ့သည်။ sharon ဒီလို ဟက်ဟက်ပတ်ပတ် ရယ်တာ ကို chaeyoung တစ်ခါမှမမြင်ဖူးခဲ့။ ဒါပေမယ့် လဲ ဘာမှဆက်မပြောတော့ပဲ လမ်းပဲဆက်လျှောက်လာခဲ့သည်။ သူဘာတွေ တွေးနေပါလိမ့်……………………

=======[memories recalling ended]=========

"ဖြန်း"(ပါးရိုက်သံ)
"အ!!!!"
"ဟင်"
sharon ခွေလျက် လဲကျသွားသည်။ chaeyoung တျောက် အတိတ်အရှည်ကြီး ကို ပြန်လည် မြင်ယောင်နေချိန်မှာပင် sharon မှာတော့ သမ ခံနေရပေပြီ။
"ဟင်!un-unnie! ya! နင်တို့လွန်နေပြီနော်"
"Aww! Son Chaeyoung သတိရလာပြီလား ငါတို့က မတ်တပ် မေ့နေတယ် ထင်တာဟ hahahahhaha!!!"
"နင် ယုတ်မာလှချည်လား"
"Chaeyounnie ရေ လောကကြီးမှာ ရိုးရိုးသားသား အသက်ရှင်တဲ့သူကတော့ မကြာခင်မှာ ပျောက်ကွယ်သွားမှာပဲ။ လူဆိုတာ နည်းနည်းတော့ ယုတ်မာတတ် ရတာပေါ့နော့"
"နင်!!! အဆုံးထိ!!! "
"အေး ဟုတ်တယ် ငါတို့ အဆုံးထိ သွားကြတာပေါ့"
"ဒီနေ့တော့ နင်နဲ့ငါ အသေပဲ"

တစ်ယောက်က တိုက်ကွမ်ဒို ချန်ပီယမ်။ တစ်ယောက်က လူမိုက်။
ကဲ ကျား နဲ့ ဆင် တော့ လယ်ပြင်မှာ တွေ့ကြပြီပေါ့ ………………
======================
"အွန့်"
"ကဲဟာ"
"အားးးးး"
chaeyoung နောက်သို့လဲကျသွားသည်။ အစတန်းကတော့ 2vs2 ဖြစ်ပေမယ့် နောက်ပိုင်း ဟိုဘက်က တခြာသူတေပါ စည်းဖောက်လာ၍ chaeyoung လဲမတတ်နိုင်တော့။ ရနိုင်သလောက်သာခုခံနေရသည်။
"Chae-chaeyoung!!!"
"ခွပ်"(လက်သီးနှင့်မျက်နှာထိသံ)
တစ်ချိန်လုံး မြေကြီးပေါ်မှောက်နေသော sharon ပြန်ထလာပြီး ဟိုအဖွဲ့ခေါင်ဆောင် အရိုင်းအစိုင်းအား လက်သီးဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။
"အားး"
"ဟာ! သွေး!! သွေးတွေ!!!"
sharon ကလည်းမလုပ်ရင်သာမလုပ်တာ။ လုပ်တော့လည်းလက်သီးကပြင်းလှသည်။ အရိုင်းအစိုင်း နှာရိုးပင်ကျိုးပြီး သွေးများထွက်လာလေသည်။
"နင် ငါ့ကိုထိရဲတယ်ပေါ့"
"ဟဲ့အားလုံး chaeng ကိုထားလိုက်တော့ ဒီကောင်မကို ဆုံးမမယ်"
"မလုပ်နဲ့ unnieနဲ့မဆိုင်ဖူး ငါနဲ့ပဲရှင်း"
"ဟာကွာ ရှုပ်လိုက်တာ ကဲဟာ ကဲဟာ"
"အင့် အွန့်"
chaeyoung ဘက်သို့ပြန်လှည့်သွားသည်။ chaeyoung မှာဘောလုံးတစ်လုံးကဲ့သို့အကန်ခံနေရလေသည်။
"ဟာ chaeyoung!!!!"
sharon တျောက် chaeyoungကို အပေါ်မှအုပ်မိုးပြီး ကာပေးထားလိုက်သည်။ လာသမျှ ရိုက်ချက် ကန်ချက်အားလုံး ကိုသူ့ကိုပင်ထိစေခဲ့သည်။ ဟိုကလည်း အသေဆော်သည်။ တုတ်တွေပါပါလာခဲ့လေပြီ။
============
"ဟိတ် ဟိုနားမှာ ဘာတွေဖြစ်နေတာလဲ"
"ဟာ ကျောင်းလုံခြုံရေးပဲ ပြေးတော့ဟ"

A Tale About Lovin' Twice !!!Where stories live. Discover now