Variety of Love EP-7

291 20 0
                                    


Variety Of Love (EP-7)

"ဟင်"
chaeyoung အလန့်တကြား ဖြစ်သွားသည်။ အခုပင် ကျောင်းသို့ ရောက်သည် အခုပင် သတင်းဆိုး ကိုကြားလိုက်ရသည်။ ကိုယ့်နားကိုယ်ပင် မယုံနိုင်။ သူတို့၏ အတန်းပိုင် ဆရာမ ကို အလုပ်ထုတ် လိုက်ပြီတဲ့။ ဘယ်လိုမှ မယုံကြည်နိုင်။ သူတို့ ဆရာမ ဘယ်လောက် သဘောကောင်းပြီး ရိုးသားကြောင်း တစ်ကျောင်းလုံးသိသည်။ ဆရာမ မှ အသက်ငယ်ငယ်လေးရှိသေးသည်။ အလွန်ဆုံးရှိမှ ၃၀ သာသာပေါ့။ ဒါတွေထားလိုက်ပါ။ လောလောဆယ် ဒီကိစ္စ ကို သူနားမလည်နိုင်။ ထိုစဉ် အနားမှ သူတို့ အတန်းမှ ကျောင်းသူနှစ်ဦး ဖြတ်သွားသဖြင့် လှည့်ပြီး မေးလိုက်မိသည်။
"ခဏလောက်"
"aww! chaeyoung!! waeo"
"ဟိုဟာလေ ငါတို့ဆရာမ ကို အလုပ်ထုတ်လိုက်တယ်ဆိုတာ တကယ်လားဟင်"
ကျောင်းသူနှစ်ဦး တစ်ဦးကိုတစ်ဦးကြည့်ပြီး မျက်ရိပ်မျက်ခြေပြပြီးနောက် မျက်နှာညိုးစွားဖြင့်
"အင်း ဟုတ်တယ်"
"ဟာ ဘာဖြစ်လို့လဲဟ"
"ဘာဖြစ်လို့လဲဆိုတာတော့ sharon ကို သွားမေးကြည့်တာကောင်းမယ်ထင်တယ်"
"sharon unnie ကိုလား ဘာဖြစ်လို့လဲ"
"သူနဲ့တွေ့ရင် အကြောင်းဆုံ သိရပါလိမ့်မယ် သူအရင်ဆုံး ဒီအကြောင်းကြားတာဆိုတော့"
"aww ဟုတ်လား! အင်း ကျေးဇူးပဲနော်"
သူအတန်းထဲသို့ အပြေးအလွှား သွားခဲ့သည်။
=================
In the class

"ဟင် unnie ရော"
chaeyoung အတန်းထဲရောက်တော့ sharon ကသူ့ခုံတွင်မရှိ။
ရှေ့ခုံမှ ကျောင်သူတစ်ယောက်ကိုသွားမေးလိုက်သည်။
"sharon unnie ဘယ်သွားလဲဟင်"
"မသိဖူးလေ"
အခြားသူများကိုပါလိုက်မေးကြည့်သည်။ နောက်ဆုံး တစ်တန်းလုံးရှိလူအကုန်ကုန်သွားသည်။ ဘယ်သူမှ sharon ဘယ်ရောက်နေသသည်ဆိုတာမသိ။ နောက်ဆုံးတော့သူကိုယ်တိုင်ပင် တစ်ကျောင်းလုံး နှံ့အောင်ရှာရတော့မည်။ မရှာလို့မဖြစ်။ chaeyoung စိတ်ထဲတွင် ဆရာမကျောင်းထုတ်ခံလိုက်ရသည့် ကိစ္စနှင့်ပတ်သတ်၍ ထင့်နေတာတစ်ခုရှိသည်။ မဟုတ်ပါစေနဲ့လို့သာ ဆုတောင်းနေမိသည်။

အဆောင် ၁
အဆောင် ၂
အဆောင် ၃
တိုးချဲ့ဆောင်
အားကစားခန်းမ ၁
အားကစားခန်းမ ၂
စတိုခန်း, ဂိုထောင်
ကျောင်းဝင်အတွင်း ချောင်ကြိုချောင်ကြား မကျန်သူလိုက်ရှာသည်။ မတွေ့။ သူလဲ အမောစို့နေပြီး။ဒီလောက်လူတစ်ယောက်လုံးတောင် ပျောက်ခြင်းမလှပျောက်နေသည်။ ကျောင်းကနာရီစင်သို့ကြည့်လိုက်တော့ 10:15 ဖြစ်နေပြီ။ ကျောင်းခေါင်းလောင်းထိုးသွားတာတောင်သူမသိလိုက်ချေ။ နောက်ဆုံး လက်လျှော့ပြီးတော့ အတန်းတက်ရန်သာ ဆုံးဖြတ်လိုက်သည်။ ကျောင်းတက်သွားပြီဆိုတော့ အတန်းထဲရောက်နေတာလဲ ဖြစ်နိုင်သည်ပင်။ သို့သော် သူခေါင်းထဲတွင် ရှာစရာ နေရာတစ်ခု ပေါ်လာသည်။ သူအဲ့နေရာကိုရှာရန်ကျန်သေးသည်။ သူဒီလောက် အသွားအပြန် လုပ်နေသည့်နေရာ ကိုမှ ဘာလို့ရွေးမေ့နေသည်မသိ။ chaeyoung ၏လှုပ်ရှားမှု တို့မှာ လျှင်မြန်နေလေသည်။
=================
"hu!! ဒီရောက်နေတာကို"
နောက်ဆုံးတော့တွေ့ရှိခဲ့လေပြီ။ သူတို့အတန်းတည်ရှိရာ ပင်မဆောင်၏ ခေါင်မိုးထပ် ကော်ရစ်တာတွင် ထိုင်နေခြင်းဖြစ်သည်။ chaeyoung အရမ်းကြိုက်သောနေရာလေး။ မနေ့ကပင် sharon နှင့် စကားတွေ ပြောခဲ့သေးသည်မဟုတ်ပါလား။ sharon ၏ အနားသို့ တစ်လှမ်းချင်းကပ်သွားသည်။ ကြောင်တစ်ကောင်ကဲ့သို့ ခြေသံလုံစွားဖြင့်။ တကယ်ကတော့sharonအား နောက်ကနေခြောက်ပြီး လန့်အောင် စနောက်ရန် ကြိုးစားနေခြင်းပင်။
"UNNIE !!!!!!!!"
"ဟားဟားဟား လန့်သွားတယ်မလား"
ဘာတုံ့ပြန်မှုမှ မရှိ။
"unnie က ဒီရောက်နေတာကို ကျွန်မကတော့ရှာလိုက်ရတာ"
ဘာမှပြန်မဖြေသေးပေ။
"ဒါနဲ့ ကျွန်မတို့ ဆရာမ ကျောင်းထုတ်ခံလိုက်ရတယ်ဆို ဘယ်လိုဖြစ်တာလဲ"
စကားပြန်မရှိ။ ခေါင်းကြီးငုံ့ထားဆဲပင်။
"ရောက်ရောက်ချင်းပဲကြားလိုက်ရတာ အတန်းထဲက လူတေကို မေးကြည့်တော့ unnie ကိုမေးကြည့်ဆိုလို့"
အသံတစ်စက်ကလေးပင် မထွက်။ chaeyoung နည်းနည်း သတိထားမိသွားသည်။
"unnie ဘာဖြစ်လို့လဲဟင် စကားလေးဘာလေးပြန်ပြောပါဦး"
"unnie! un-n-i ဟင်!!!!!!!"
sharon ဘေးတွင်ဝင်ထိုင်ပြီး ငုံ့ထားသော sharon ခေါင်းအား လက်ဖြင့်မတင်ကြည့်လိုက်သည်။
မျက်ရည်စက်များ
sharon ငိုနေသည်။ ငိုထားတာမှ မျက်ဝန်း များပင် နီရဲ ဖောင်းအစ်နေပြီ။ ဘယ်အချိန်တည်းက ဒီမှာ လာငိုနေသည်မသိ။
"ဟင် unnie ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ"
"chaeyoung ငါက ဂြိုလ်ဆိုးလား"
"ဟင် ဘာတေပြောနေတာလဲ မဟုတ်ပါဖူး"
သူ၏ လက်ဖမိုး လေးဖြင့် sharon ၏ မျက်ရည်စက်များကို သုတ်ပေးလိုက်သည်။
"ဘာလို့ငိုနေတာလဲ ပြောပါဦး"
"chaeng"
================
မနက် ၈း၀၀ ကျော်ခန့်
sharon အစောဆုံး ကျောင်းသို့ ရောက်လာသည်။ ကျောင်းတွင်ကျောင်သူများမရောက်သေး။ ဆရာဆရာမများသာရှိသည်။ အတန်းတွင်းသို့ လွယ်အိတ်သွားထားပြီးနောက် ကျောင်းဝင်း ထဲသို့ လှည့်ပတ်ကြည်နေမိသည်။ ဟုတ်သည်လေ။ အတန်းထဲတွင်သူတစ်ယောက်တည်းဘယ်သူမှ မရှိ။ ပြီးတော့သူဒီကျောင်းသို့ ရောက်သည်ပင် ၃ရက်မကတော့။ အခုထိ ကျောင်းတွင်းရှိနေရာများကို အစုံမသိသေး။ ဤကျောင်းတွင်လဲ ပစ္စည်းပစ္စယ ကတော်တော်စုံသည်။ ကျောင်းတွင်းဥယျာဉ်လေးကိုဆိုလျှင် sharon မျက်လုံးပင်မခွာနိုင်တော့။ chaeyoung အပါအဝင် တစ်တန်းလုံးက သူ့ကို ခပ်ချေချေနေ လို့ မာနခဲဟု ထင်ကြသည်။ သို့သော် သူဘယ်လောက်ပေါသည်(အဲ့လေ)ဘယ်လောက်ကလေးဆန်သည်ကိုသူတို့မသိကြ။

A Tale About Lovin' Twice !!!Where stories live. Discover now