ZawGyi
"ဂျောင်းဝူရေ "
"ဟုတ်ကဲ့ "
"သခင်လေးရှင်း ခေါ်နေတယ် "
"ဟုတ်ကဲ့ ဦးလေး "
သခင်လေးရှင်း ခေါ်နေသည်မို့ သူ့အဆောင်ကို အမြန်ပြေးသွားရသည်
မဟုတ်ရင် အပြစ်ဒဏ်ခံရမှာ
"သခင်လေးရှင်း ကျွန်တော်ရောက်ပါပီ "
"ကျစ် အမြဲတမ်းလူလွှတ်ခေါ်နေရတာပဲ "
"ငါမခိုင်းအောင်လို့ အချောင်ခိုပုန်းနေတာလား "
"မ မဟုတ်ပါဘူး သခင်လေးရှင်း "
"ကျွန်တော် အဖေ့ကိုဝိုင်းကူပေးနေတာပါ "
"ငါ့နောက်လိုက်ခဲ့ "
"ဟုတ်ကဲ့ပါ သခင်လေးရှင်း "
မြေပြင်ကျယ်သော နေရာကိုရောက်လာခဲ့သည်
ထိုနေရာကို သခင်လေးရှင်း က ဘာလာလုပ်ပါလိမ့်
"သခင်လေးရှင်း ကျွန်တော်က သခင်လေးကို မြှားပစ်သင်ပေးမဲ့ဆရာပါ "
"ငါ့အဖေပြောလို့ ငါသိပီးပီ "
"ဟိုကောင် ငါသယ်ခိုင်းထားတာတွေ ပေး "
လေးနဲ့ မြှားကို သခင်လေးရှင်း လက်ထဲထည့်ပေးလိုက်သည်
လေးကိုဘယ်ဘက်လက်ကကိုင်ကာ ညာဘက်လက်နဲ့ မြှားကိုထည့်ပီး ကြိုးကိုဆွဲလိုက်သော သခင်လေးရှင်း ကို ဂျောင်းဝူ အားကျမိသည်
သူလဲ မြှားပစ်သင်ချင်သည် သို့သော် သူကအစေခံလေ
"ဟိုကောင် ဘာငေးနေတာလဲ မြှားကိုသွားကောက်လေ "
"ဟုတ် ဟုတ်ကဲ့ သခင်လေးရှင်း "
ဒီလိုနဲ့ပဲ တနေကုန် မြှားကောက်သည့်အလုပ်ပဲလုပ်နေရသည်
အခေါက်ခေါက်အခါခါ သွားကောက်လိုက် ပြန်ပေးလိုက်နှင့်မို့ လူက အတော်မောနေပီ
YOU ARE READING
Poisonous Love (Warning 💥)
Historical FictionZawGyi and Unicode ZawGyi OC(Own Creation) BL fiction 👬 လီရှင်း × ဂျောင်းဝူ အဆိပ်ရှိတဲ့အချစ်ကိုမှ ရူးရူးမိုက်မိုက်ချစ်မိခဲ့တဲ့သူဟာ နောက်ဆုံးဖြေဆေးတွေ့သွားမလား ဒါမှမဟုတ် အဆိပ်မိပီးဘဝပျက်သွားမလား (Warning💥) Adult scene တွေ ပါပါတယ်...