ZG
ဒီအိမ်တော်ကြီးမှာ ဂျောင်းဝူ ထင်ဒိုင်းကြဲနေသည်
စားချင်သည်များကို စားဖိုဆောင်ကလူတွေကိုချက်ခိုင်းသည်
လိုချင်တာရှိရင် သခင်ကြီးကို ကပ်ချွဲလိုက်သည်
ပေးဆပ်ရတာတွေလည်းရှိပေမဲ့လည်းပေါ့
ဈေးထဲသွားပြီး ဝယ်ချင်သည်များကိုလျှောက်ဝယ်သည်
သူတစ်ခါအလုပ်လုပ်ဖူးသည့် စွပ်ပြုတ်ဆိုင်သို့ သွားဖြစ်သည်
"အဒေါ်ကြီး အမဲသားစွပ်ပြုတ်ပေးပါ "
"မင်းလည်း စားချင်ရင်စားနော် "
"အကိုလေး ကျွန်တော်စားလို့ဖြစ်ပါ့မလား "
"ငါ ပြန်တိုင်မပြောပါဘူး စားမှာသာစားစမ်းပါ "
သခင်ကြီးက ခိုင်းချင်တာခိုင်းဖို့ဆိုပြီး သူ့အရွယ်လောက်ရှိသည့် အခိုင်းအစေကောင်လေးကို သူ့အား ပေးထားသည်
သူ့ဘက်ပါအောင်လုပ်ရမည် မဟုတ်လျှင် သူက ဂျောင်းဝူလုပ်သမျှ ဟိုလက်ထောက်ကို ပြန်ပြောနိုင်သည်
ကောင်လေးကတော့ အပျော်တွေလွန်ပြီး သူစားချင်သည့်စွပ်ပြုတ်ကိုမှာနေလေသည်
"အဒေါ် ဝက်သားစွပ်ပြုတ် တစ်ပွဲပေးပါ "
"အကိုလေး ကျေးဇူးတင်ပါတယ် "
"ရပါတယ်ကွာ "
"ငါ့ကျေးဇူးကိုမမေ့ရင် ရပါပြီ "
"ဒါနဲ့ မင်းနာမည်က "
"ကျွန်တော့နာမည် မန်းဆူ ပါ "
"မင်းတို့ မှာထားတာတွေ ရပါပြီ "
အငွေ့တထောင်းထောင်း အနံ့သင်းပျံ့ပျံ့နဲ့ မို့ ဗိုက်များဆာလာသည်
"ခဏလေး အဒေါ်ကြီး "
"ဘာလိုချင်လို့လဲ "
"ကျွန်တော့်ကိုမမှတ်မိဘူးလား "
"အမ် မင်းက ဘယ်သူမို့လဲ မှန်း ငါသေချာကြည့်အုန်းမယ် "
YOU ARE READING
Poisonous Love (Warning 💥)
Historical FictionZawGyi and Unicode ZawGyi OC(Own Creation) BL fiction 👬 လီရှင်း × ဂျောင်းဝူ အဆိပ်ရှိတဲ့အချစ်ကိုမှ ရူးရူးမိုက်မိုက်ချစ်မိခဲ့တဲ့သူဟာ နောက်ဆုံးဖြေဆေးတွေ့သွားမလား ဒါမှမဟုတ် အဆိပ်မိပီးဘဝပျက်သွားမလား (Warning💥) Adult scene တွေ ပါပါတယ်...