ZG
"ဂျောင်းဝူ ဂျောင်းဝူ "
သူ့လက်ထဲမှာ မေ့မြောနေသော ဂျောင်းဝူကိုကြည့်ကာ သူဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်
"ငါ ငါ ငါတောင်းပန်ပါတယ် "
"မင်း ဘယ်တုန်းက ဒဏ်ရာရသွားတာလဲ "
"ငါ စိတ်မထိန်းနိုင်လို့ မင်းဒီလိုဖစ်နေတာမသိလိုက်တာပါ "
ဘောင်းဘီကိုပြန်ဝတ်ပေးကာ အကျီကိုလည်း ကြိုးအမြန်ပြန်ချည်ပေးလိုက်သည်
ဂျောင်းဝူကိုပွေ့ချီကာ ကုန်သည်အဖွဲ့နားနေရာသို့ အပြေးသွားလိုက်သည်
ကျဆင်းနေသောမျက်ရည်ကိုတောင်သတိမထားမိ
စိတ်များက ဂျောင်းဝူကိုသာ ကယ်တင်ဖို့ရာ
"အခုထွက်မယ် "
သူပြောလိုက်သောစကားကြောင့် နားနေသောအလုပ်သမားများ ကြောင်အစွာ ငေးကြည့်နေသည်
"နီးစပ်ရာ ရွာဖစ်ဖစ် မြို့ဖစ်ဖစ် အမြန်သွားမယ် အဲ့မှာပဲနားကြတော့ "
သူ အမိန့်ပေးလိုက်သည်နှင့် အလုပ်သမားများ လှုပ်လှုပ်ရှားရှားဖစ်လာသည်
အထုပ်များသယ်ထားသည့် မြင်းလှည်းများကို သေချာစစ်ဆေးကြသည်
တာဝန်ခံကသူ့အနားလာကာ ဂျောင်းဝူကိုတလှည့်သူ့ကိုတလှည့်ကြည့်နေသည်
"သခင်လေးရှင်း ဘာဖြစ်လို့လဲ "
"ဂျောင်းဝူ ဒဏ်ရာရလာလို့ သွေးထွက်လွန်နေတယ် "
"သမားတော်ဆီပို့မှဖြစ်မှာ "
သခင်လေးရှင်းက ဒီအစေခံလေးကို ဘာလို့အရမ်းစိတ်ပူနေလဲ သူလည်းမသိတော့
တွေးနေတုန်းပဲရှိသေး မြင်းပေါ်တောင် ရောက်သွားပီ
"ဘာလုပ်နေတာလဲ ထွက်ဖို့ပြင်တော့လေ "
ရင်ခွင်ထဲမှာ မေ့မြောနေသော ဂျောင်းဝူကို လက်တစ်ဖက်နဲ့ထိန်းကာ ကျန်တစ်ဖက်ဖြင့် ကြိုးကိုဆွဲလိုက်သည်
YOU ARE READING
Poisonous Love (Warning 💥)
Historical FictionZawGyi and Unicode ZawGyi OC(Own Creation) BL fiction 👬 လီရှင်း × ဂျောင်းဝူ အဆိပ်ရှိတဲ့အချစ်ကိုမှ ရူးရူးမိုက်မိုက်ချစ်မိခဲ့တဲ့သူဟာ နောက်ဆုံးဖြေဆေးတွေ့သွားမလား ဒါမှမဟုတ် အဆိပ်မိပီးဘဝပျက်သွားမလား (Warning💥) Adult scene တွေ ပါပါတယ်...