1.7K 99 2
                                    

(Unicode)
မသာယာသော်လည်း ဆိုးရွားလှသည်ဟုလည်းမဆိုထိုက်သောရာသီဥတု.......
မိုးတဖွဲဖွဲကြား လမ်းထိပ်basketballကွင်းရှိနှစ်ဖက်အသင်းသားများ၏အသံတွေကဆူညံလျှက်ရှိသည်.....

ကွင်းထဲကကစားသမားတွေကတော့ နိုင်ချင်ဇောနှင့်မို့ချွေးသံတရဲရဲဖြစ်နေသော်လည်း ဘေးကပွဲကျိပရိတ်သတ်နှစ်ဦးကမူအေးလွန်းလို့ခိုက်ခိုက်တုန်နေပီဖြစ်သည်

"Jisungလေး.......အေးနေပီလား.........?"

"ဟအင်း......."

ဟအင်းသာဆိုတယ် ဒူးလေးနှစ်ဖက်ကိုပိုက်လျှက်ခပ်ကုပ်ကုပ်ဖြစ်နေရုံသာမက နှုတ်ခမ်းလေးတေကပါတစ်ဆတ်ဆတ်တုန်နေ၏

မေမေဆောင်းပေးလိုက်သောဦးထုပ်အားချွတ်ကာ သူ့ခေါင်းပေါ်ဆောင်းပေးလိုက်ပီး သေးသေး ကိုယ်လေးအားပေါင်ပေါ်ပွေ့တင်ကာ လက်မောင်းလေးနှစ်ဖက်အားပွတ်ချေရင်းနွေးအောင်လုပ်ပေးလိုက်သည်

"အရမ်းအေးနေရင်အိမ်ပြန်ကြမလား........?"

"ဟအင်း chen Ge Geကိုစောင့်ဦးမှာ.........."

ခေါင်းမာလွန်းသောကောင်လေးက ပြောရမှာလည်းမဟုတ်တော့ နောက်ကသာတင်းတင်းဖတ်ထားပေးလိုက်သည်

ဟိုကောင်တေကလည်းမပီးနိုင်မစီးနိုင်ကစားနေလိုက်တာဆိုတာ.......

"ဟိုကောင်တေဘာဖြစ်ကြတာလဲ.......?"

ကြည့်နေရင်းမှ တစ်ဖက်နှင့်တစ်ဖက်ဆွဲလားရမ်းလားဖြစ်လာသောကစားပွဲအခြေအနေ.......

"Jisungna ခနထဦး........hyungဟိုကောင်တေဆီသွားကျိလိုက်ဦးမရ်.........."

"nae......."

Jisungလေးအားခနချခဲ့ကာ ကစားပွဲမှရန်ပွဲအဖြစ်ကူးပြောင်းသွားသော ထိုကောင်လေးတေနားအ့ပြေးတစ်ပိုင်းရောက်သွားမိသည်.......

"ဟေ့ ဟေ့ကောင်တေ မင်းတို့ဘာဖြစ်ကြတာလဲ........?"

"Ge Ge.......mark က ကျနော်တို့နိုင်တော့မဲ့ဟာကိုလေ ကစားပွဲကိုရပ်ပစ်လိုက်တရ်.......ရှုံးတဲ့အဖွဲ့ကနိုင်တဲ့အဖွဲ့ကိုကုန်းပိုးရမယ်လို့ပြောထားတဲ့ဟာကို ကတိမတည်ပဲလုပ်လို့........"

ဟိုဘက်အဖွဲ့မှCheng Chengကတိုင်တန်းသလိုဆိုလာ၏

ဒီကိစ္စအရင်းအမြစ်ကိုသေချာသိသည်.........
markတို့အဖွဲ့တွင် ကျွမ်းကျွမ်းကျင်ကျင်ကစားတက်တာဆိုလို့ chenleတျောက်သာပါသည် mark နှင့်jaeminကလည်းတော်ပါသည် ငြင်းတဲ့နေရာမှာ........ဟိုဘက်အဖွဲ့ကcheng Chengရော Minhoရောကတော်ကြသည် Nihuangကလည်းခပ်ထွားထွားရယ်မို့ သူတို့အဖွဲ့နိုင်မည်မှာအသေချာပင် ဒါကိုmarkနဲ့jaeminကလူလည်ကျပီး လည်ချောင်းထောင်အောင်ငြင်းနေကြချင်းဖြစ်ပေလိမ့်မည်

love confessionWhere stories live. Discover now