538 71 18
                                    

(Unicode)

"Jeno.....!!"

နောက်ကနေအော်ခေါ်လိုက်သော်လည်းလှည့်မကြည့်လာ.....

သူကပ်နေသောချောင်လေးနား renjunလည်းသွားကပ်ကာ သူ့နောက်တွင်တိတ်တိတ်လေးရပ်နေလိုက်သည်

သူဘာတွေများခိုးနားထောင်နေပါလိမ့်.......?

"Jenoအဖေကgayတဲ့ကွ......"

ခပ်လှမ်းလှမ်းမှထွက်လာသောစကားသံကြောင့်jenoကိုငဲ့ကြည့်မိတော့ လက်သီးကိုတင်းတင်းဆုပ်လျှက်သားနှင့်မျက်လွှာကိုချထားသည်

"ဟုတ်တယ် ငါလည်းငါ့ဖေဖေပြောတာကြားဖူးတယ်......ယောကျာ်းအချင်းချင်းကြိုက်တာဆို....."

"ဟုတ်တယ်.....jenoအမေနဲ့ကမိဘတွေအတင်းပေးစားလို့ယူခဲ့ရတာတဲ့......အဲ့ဒါကြောင့် သူ့အဖေကသူတို့သားအမိနှစ်ယောက်ကိုပစ်ထားတာပေါ့ ကျောင်းသားမိဘတွေ့ဆုံပွဲတွေဆိုရင် သူ့အဖေဘယ်တုန်းကလာဘူးလို့လဲ......?"

"အဲ့ဒီ့လိုအိမ်မှာအပယ်ခံဖြစ်နေလို့......ကျောင်းမှာလည်းအပယ်ခံဖြစ်အောင်နေနေလားမှမသိတာ.......ဟား ဟား ဟား....."

သူများအကြောင်းကိုဝေဖန်တယ်ဆိုတာလည်းအတိုင်းအတာတစ်ခုလောက်အထိတော့ရှိသင့်သည် အခုတော့ပြောသင့်တဲ့စကားရောမပြောသင့်တဲ့စကားရော ကုန်အောင်ပြောနေတော့တာပဲ ယောကျာ်းလေးတွေဖြစ်ပြီး မိန်းမလိုမိန်းမရအတင်ပြောတက်တဲ့စရိုက်ဆိုးတွေကရှိနေသေးသည် လက်ပိုက်ကြည့်မနေနိုင်တော့သည်မို့.....

"ဟေ့ကောင်တွေ....."

"ဘာလဲ မင်းက......"

"မင်းတို့တွေကိုယ့်အကြောင်းမဟုတ်တိုင်း သူများမိသားစုကိုလက်လွှတ်စပယ်မဝေဖန်သင့်ဘူး......"

"Injun.......ပြန်လာခဲ့ သွားရအောင်......"

လာဆွဲသောjenoလက်ကိုဖယ်ချကာ

"အသာနေစမ်းပါjeno......မင်းငြိမ်ခံနေလေ သူတို့ကမင်းကိုပိုဖိပြောနေမှာပဲ......"
"မင်းတို့ကောင်တွေ.....နောက်တစ်ခါjenoပါပါးအကြောင်းထပ်ပြောရင် ငါကျောင်းအုပ်ကြီးကိုသွားတက်တိုင်မှာ.....ပြီးတော့ မင်းတို့လူမှန်းမသိပြောနေတဲ့jenoပါပါးကကျောင်းရဲ့ဥကဋ္ဌဆိုတာလေးလည်းသတိရဦး.....အကုန်စုပြုံပြီးကျောင်းထုတ်မခံချင်ရင်အေးဆေးနေကြ ကြားလား......?"

love confessionWhere stories live. Discover now