၁၀

601 67 36
                                    

(Unicode)

Jenoနဲ့အတူကစားသမားတွေအတွက်ပေးထားတဲ့အခန်းထဲ အင်ဂျွန်နီပါလိုက်ပါလာသည် ....

ဒီနေ့ကစားပွဲက အတန်းအသီးသီးရှိကစားသမားတွေထဲကမှအတော်ဆုံးလက်ရွေးစဉ်တွေကိုရွေးပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာပြန်ကစားရတဲ့ပွဲဖြစ်သည်

နည်းပြခွဲလိုက်တဲ့အဖွဲ့အရ jenoကတစ်ဖက်အသင်းမှာပါသွားပြီး mark နဲ့chenleကအခြားတစ်ဖက်ကိုပါသွားသည်.....jaeminကတော့ လက်ရွေးစင်ထဲမပါတာမို့ ဒီနေ့ပွဲမှာဝင်မကစားရပေ.......

အရင်လို ကိုယ့်အသင်းသားအချင်းချင်းမဟုတ်တာကြောင့် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်အခက်အခဲဖစ်မှာအသေအချာ......

markနဲ့chenleကတစ်ဖွဲ့ထဲကျသွားတော့ အဆင်ပြေပေမဲ့ ...jenoကတစ်ယောက်ထဲ.....

ဟင်း.....

"မင်းတစ်ယောက်ထဲအဆင်ပြေပါ့မလားjeno...?"

renjunရဲ့မျက်ဝန်းထဲမှာစိုးရိမ်မှု့တွေအပြည့်.....

"မင်းသာငါ့ဘက်မှာရှိနေပေး အားလုံးအဆင်ပြေတယ်....."

"ငါကအမြဲမင်းဘက်ကပါ အခုလည်းမင်းဘက်က နောက်လည်းမင်းဘက်မှာပဲရပ်တည်မှာ......"

"...."

Jenoက တစ်ကမ္ဘာလုံးကိုအပိုင်ရပြီးသွားသလိုအပြုံးမျိုးနဲ့အပြုံး၏.....သူ့ရဲ့ကမ္ဘာကြီးကရှေ့သွားထက်ကလေးနဲ့အင်ဂျွန်နီကို......

"ဒီနေ့ပွဲကိုငါတကယ်စိုးရိမ်နေတာ....."

Jenoလက်မောင်းကိုပေါင်ပေါ်ဆွဲယူကာ လက်နှစ်ဖက်နဲ့အသာနှိပ်နယ်ပေးမိသည်.....

နှစ်ယောက်ထဲသာကျန်တော့သောအခန်းထဲကိုjenoတစ်ပတ်ဝေ့ကြည့်လိုက်ပြီး.....

"ငါ သွားရတော့မယ်အင်ဂျွန်နီ....ပွဲစတော့မယ် သူများတွေတောင်သွားကုန်ပြီ....."

"အင်းပါ...."

လက်ကိုအသာဖျစ်ညှစ်ကာ အခန်းထဲကထွက်ဟန်ပြင်သည်

တံခါးနားရောက်ပြီးမှပြန်လှည့်လာသောjenoက အင်ဂျွန်နီ့ဆံပင်လေးတွေကိုထိုးဖွလိုက်ပြီး ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ

"စိတ်မပူနဲ့ ငါလုပ်နိုင်တယ် ငါ့ကိုယုံ....."

Renjunခေါင်းငြိမ့်ကာပြုံးမှ အခန်းထဲကလျှင်မြန်စွာထွက်သွာ၏

love confessionWhere stories live. Discover now