536 69 14
                                    

(Unicode)

တစ်ပတ်ကျော်သည်အထိ ပြန်မရောက်လာသေးတဲ့ဖေဖေကြောင့်jenoလေး renjunတို့အိမ်မှာပဲအားနာနာနှင့်ပင်နေနေရသည်

ရင်းနှှီးဖော်ရွေလွန်းတဲ့renjunရဲ့ဖေဖေနဲ့မေမေက jenoကိုလည်းသူတို့သားအရင်းလေးကိုဂရုစိုက်ပေးကြ၏

ကျောင်းပိတ်ရက်ဆို markတို့တစ်စုပါရောက်တက်ကြပြီး renjunမေမေဆိုင်ကိုသွားကာဝိုင်းကူလုပ်ပေးကြသည်

အားလုံးပြီးရင် ကျနော်တို့တစ်အုပ်စုလုံးကို လုပ်အားခအနေနဲ့coffeeအလကားတိုက်သည်
coffeeနဲ့မတင်းတိမ်နိုင်သောrenjunကတော့ မှန်ပုံးထဲကမုန့်တွေကိုလစ်ရင်လစ်သလိုခိုးယူလာတက်သည် ....မိသွားလျှင်လည်းသူငယ်ချင်းတွေကိုကျွေးချင်လို့ပါလို့လိမ်ပြောပြီး သူတစ်ယောက်ထဲစား၏

မကျေနပ်တဲ့jisungနဲ့jaeminကအသံပြဲကြီးနဲ့အော်တိုင်လို့ အခေါက်ခံရတဲ့အခါလည်းရှိသေးသည်

jeno ဒီမှာနေတဲ့အတောအတွင် ကိုယ့်ကိုယ်ကိုယ်သတိထားမိတဲ့အချက်က ခနခနရယ်ဖြစ်နေတာ......အထူးသဖြင့်injunnieနဲ့မျက်လုံးချင်းဆုံတဲ့အခါတိုင်းပေါ့......

"Happy new year..!!"

၁၂နာရီဒေါင်ခနဲမြည်ပြီးသည်နှင့်ထွက်လာတဲ့အသံကတစ်မြို့လုံးဟိန်းခနဲ.....

Renjunတို့သူငယ်ချင်းတစ်စုလည်းဝရံတာမှာမက်တပ်ရပ်ကာ ဖြာထွက်လာသည့်မီးပန်းလေးတွေကိုငေးကြသည်

"ငါတို့လည်းအော်သင့်တယ်မထင်ဘူးလား....?"

စကားစလာသောchenleအားrenjunကနှာခေါင်းရှုံ့ပြကာ

"မင်းရဲ့အာပြဲသံနဲ့တော့မအော်ပါနဲ့ကွာ ငါတို့ရပ်ကွက်ကလူတွေအကုန်နိုးကုန်.....အာ့ အား...."

renjunစကားမဆုံးခင်ဘေးကjisungပိစိရဲ့လက်သေးသေးလေးကလက်ကိုလာဆွဲဆိတ်၏

"မင်းတို့တိတ်တိတ်နေကြစမ်းကွာ ကြည့်ရတာfeelပျက်တယ်...."

"feelပျက်ရင်လည်းကိုယ့်အိမ်ကိုယ်ပြန်ကြပါလား .....?"

"ပြန်လို့ဖြစ်မလားကွ ဒီညက ငါတို့အားလုံးအသက်ပြည့်ပြီးတဲ့ညလေ....."

"Park jisungကိုဘယ်နားသွားထားလဲ.....?"

"သူလည်း အရင်အပတ်ကပဲပြည့်သွားပြီလေ...."

love confessionWhere stories live. Discover now