Part 25

4.2K 372 8
                                    

မတူညီတဲ့ကုမ္မဏီနှစ်​ခုရဲ့မတူညီတဲ့ဝန်​ထမ်း​တွေ..
တစ်​ခုကစဝင်​တဲ့​နေ့မှာပင်​ ပြုံးရွှင်​စွာနှုတ်​ဆက်​ကြပြီးမိသားစုလိုခင်​မင်​ရင်းနှီးခဲ့ကြသည်​။
နောက်​တစ်​ခုကစဝင်​တဲ့​နေ့မှာပင်​..
အစွယ်​ထုတ်​ပြကြတဲ့​သူ​တွေ...

ဟန်​မ​ဆောင်​နိုင်​​လောက်​ကိုအမူအရာပျက်​ယွင်းပြီး သူ့က်ုဘယ်​သူမှမ​ခေါ်ကြ...
သူGM ဆိုတဲ့​နေရာမှာထိုင်​​နေတာ..
ထမင်းစားချိန်​​တောင်​​ရောက်​​နေပြီ...
သူ့ကိုအခုထိရှိတယ်​လို့​တောင်​မထင်​ကြ​သေး...

သူတို့အားလုံး အခန်းထဲကထွက်​သွား​မှ..
သူ​အောက်​ထပ်​ကကန်​တင်းကိုဆင်းလာလိုက်​သည်​။
ကုမ္မဏီကအရှိန်​အဝါသာကြီးတာ အထဲမှာ​တော့...

သူကန်​တင်း​ရောက်​​တော့​နေ့လည်​စာဘူ​ဖေးကိုသာယူစားလိုက်​သည်​။
Breakကဘယ်​အချိန်​ထိ​ပေးသည်​မသိရ​သော​ကြောင့်​သူအမြန်​ပင်​အခန်းထဲပြန်​လာလိုက်​သည်​။

သူခုံမှာဒီအတိုင်းဆက်​ထိုင်​ပြီး..
ည​နေရုံးဆင်းချိန်​​စောင့်​ရသည့်​အဖြစ်​...

သူဒိလိုမနက်​သွား..ခုံမှာထိုင်​..
ည​နေပြန်​လာရသည်​မှာ တစ်​ပတ်​တင်းတင်းပြည့်​ခဲ့​လေပြီ။
ဘယ်​သူမှသူ့ကိုမ​ခေါ်သလို...
သူလည်းမ​ခေါ်...
အစပိုင်းက သူတစ်​​ယောက်​ချင်းစီကိုစကား​ပြောကြည့်​​ပေမယ့်​...
အများစုကသူ့ကိုပြန်​မ​ပြော..
တစ်​ချို့က​တော့မ​ကောင်းတတ်​လို့ အင်း၊သာ​ပြောသည်​။

သူနဲ့ခင်​သည်​မှာ ကုမ္မဏီသန့်​ရှင်း​ရေးအလုပ်​သမားများ...အ​ပေါက်​​စောင့်​ security များသာ...
သူ့ကိုတကူတက​​ခေါ်မည့်​သူများ...
ဒီကုမ္မဏီကသူ့လုပ်​​ဖော်​ကိုင်​ဖက်​များအဖြစ်​သူတို့ကိုသာသတ်​မှတ်ထားသည်​။

သူအခန်းထဲမှာစိတ်​ညစ်​ညစ်​နဲ့ထိုင်​​နေတုန်း...

"ထယ်​​ယောင်း အလုပ်​​တွေပြီးသွားပြီလား .."

သူ့​မော့ကြည့်​လိုက်​​တော့ jeon jae..
သူမတ်​တပ်​ရပ်​လိုက်​ပြီ...

"ကျွန်​​တော်​အခုထိဘာမှမလုပ်​ရ​သေးဘူး boss..."

"​အော်​ ​အေး​ဆေး​လုပ်​ပါ...ငါတို့ကအခုမှစrunတာဆို​တော့ အရမ်းအလျင်​မလိုဘူး ..."

Dead Leaves (Completed)Where stories live. Discover now