ထယ်ယောင်းကိုးရီးယားကိုပြန်ရောက်ရောက်ချင်း ဂျုံးဂုအဖေနာရေးသတင်းကြားလိုက်ရသည်။ဒီလိုအချိန် ဂျုံးဂုဘေးမှာနှစ်သိမ့်ပေးချင်သည်..
ဂျုံးဂုကိုအားပေးစကားတွေပြောချင်သည်။ရုံးကဝန်ထမ်းတွေနဲ့ဂျုံးဂုတို့အိမ်ကိုသွားရသည်။
ဧည့်သည်တွေကိုနှုတ်ဆက်နေတဲ့ဂျုံးဂုပုံက
တည်ငြိမ်လွန်းသည်။
မျက်နှာလည်းမပျက်သလို အပြုံးအရယ်လည်းမရှိ.....
သူတို့ရုံးကအဖွဲ့ဝင်သွားတော့
ဂျုံးဂုကနေရာလိုက်ပြပေးပြီး..
ဂျုံးဂုအမေကဘေးမှာလာထိုင်နေသည်။ဂျုံးဂုအမေကသူ့ကိုအရေးတယူစကားပြောနေသည်ဆိုသော ခံစားချက်ကသူ့ကိုနေရခက်စေသည်။
သူကတော့အားနာပြီးမေးသမျှသာဖြေနေပေမယ့် ဂျုံးဂုအမေကဖော်ဖော်ရွေရွေ...နဂိုကတည်းကသဘောကောင်းသူဖြစ်နိုင်သည်။
ဒါပေမယ့် ဂျုံးဂုအမေကိုကြည့်ရတာ..
သူ့ခင်ပွန်းဆုံးသွားတာကို ခံစားရပုံမပေါ်
ဂျုံးဂုလည်းဒီအတိုင်း.....သူအတွေးတို့ကိုဖြတ်တောက်ပြီးအိမ်ပြန်လာခဲ့သည်။
သူတို့ဘာသာဘာပဲဖြစ်ဖြစ်..
ကိုယ်နဲ့မှမသက်ဆိုင်ပဲ...သူဖိလစ်ပိုင်မှာကတည်းကJackပြောပြလို့
နောက်လမှာဂျုံးဂုနဲ့မီခါကို...
ဂျုံးဂုအဖေကweddingလုပ်ပေးမယ့်အကြောင်းပြောပြလာသည်။
အဲ့ကတည်းကသူစိတ်လျှော့ပြီးပြန်လာခဲ့တာ...
အဲ့ဒါကပေါက်ကြားလို့မရတဲ့အတွင်းသတင်းဆိုတော့ သေချာဖို့များသည်။ဒီရက်တွေအတွင်းရုံးကဝန်ထမ်းတွေလည်း
ရုံးမတက်သေးတာကြောင့်အိမ်မှာသူယောင်လည်လည်....
အဖွားဆီမှာကပ်ပြီးသူစားချင်တာလေးလုပ်ကျွေးခိုင်းလိုက်....
အယ်ရာနဲ့မုန့်ထွက်စားလိုက်နဲ့....အခုတစ်လော အဲ့ကောင်မလေးရည်းစားရနေတာသူသတိထားမိသည်။
အထက်တန်းလည်းပြီးသွားပြီဆိုတော့..
သူလည်းဘာမှမပြောလို...
လူကောင်းတစ်ယောက်ဖြစ်ဖို့သာလိုသည်။
YOU ARE READING
Dead Leaves (Completed)
FanfictionA love story between two boys.. Can they love ? Who is the liar? Who got hurts? Can they have happying ending.? #My first Yaoi fic#