သန်းခေါင်ယံ ချစ်သူSeason - 2 - Episode (20)(zawgyi+Unicode)

3.3K 338 18
                                    


သန်းခေါင်ယံ ချစ်သူ

Season - 2 - Episode (20)


"ခင်ဗျားသွားရတော့မလား ...."

လူငယ်လေးက ပူပန်သည့်စိတ်ကို မြိုသိပ်ပြီး အရပ်မြင့်မြင့်လူကို မေးလိုက်သည်။ မှော်ကိစ္စကိုဖြေရှင်းရန် ခရီးထွက်မည့် ချစ်သူကို ပူပန်နေသော်လည်း ဘာမှအကူညီမှ မပေးနိုင်ပဲ ဘေးကရပ်ကြည့်နေရပြီး သူထွက်ခွာသည်ကို စောင့်ကြည့်နေရသည့် မိမိအဖြစ်ကို ပထမဆုံး မုန်းတီးမိသည်။ ယောကျာ်းလေးတယောက်ဖြစ်သောကြောင့် အလုပ်ဖြင့် အပြင်သွားမည့်သူ့ကို စိတ်ပူပန်ကြောင့် ထင်ရှားစွာ မပြသလိုသဖြင့် ဘာမဖြစ်သလို မေးလိုက်သော်လည်း နွေဦး၏တကိုယ်လုံး စီးနေသည့် သွေးများရပ်တန့်သွားမလို ခံစားနေရသည်။ ယခု နယ်နိမိတ်စည်းမျဉ်းတလျှောက် လုံခြုံရေးကိုထိပါးလာသည့် တချို့မျိုးနွယ်စုကို သူကိုယ်တိုင်သွားရောက် ဆွေးနွေးညှိုနှိုင်းရမည်ဖြစ်သဖြင့် ခရီးထွက်ရမည်ကို မဟာမြိုင်အ၀ထိ နွေဦးကိုယ်တိုင်လိုက်ပို့နေခြင်းဖြစ်သည်။ အခြားမှော်စစ်သူကြီးများရှိသဖြင့် ပွေ့ဖက်ချင်သည့် စိတ်ကို ထိန်းထားနေရစဉ် ကဝေကြီးက ရုတ်တရက် မိမိကို သိုင်းဖက်လာပြီး နားနားကပ်ကာ တိုးတိုးပြောလိုက်သည်။

"အင်း... ကိုယ်မကြာခင်ပြန်လာခဲ့မယ်... ကိုယ့်ကိုစောင့်နေပါ..."

သူက မကြာခဏသွားနေကျ ခရီးဖြစ်လို့ထင်သည်။ အမူရာက ပေါ့ပါးနေသလောက် နွေဦးကတော့ သူ့အတွက် ပူပန်သည့် စိတ်ဖြင့် တကိုယ်လုံး ပူနေလို့သည်။

"ဘေးကင်းကင်းနဲ့ ပြန်လာပါ.... ခင်ဗျား တခုခုဖြစ်လာရင် ခွင့်မလွှတ်ဘူး..."

နွေဦးစိတ်ကိုထိန်းကာ သူ့ကို ခပ်တိုးတိုးမှာလိုက်သည်။ မင်းသတိုးသည် နွေဦး၏ စကားထဲမှ ပူပန်ခြင်းကိုသိလိုက်ကာ လူချင်းခွာပြီး မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

"ကိုယ့်ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး။ စိတ်ချပါ။ ကိုယ့်ရဲ့ကိုယ်ခန္ဓာကို ချာတိတ်ပိုင်တယ်။ ကိုယ်သေချာစောင့်ရှောက်ပါ့မယ်... "

သန်းခေါင်ယံချစ်သူSeason-2 (zawgyi+unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ