ဟာ ...... ကလေးသေးသေးလေး။ ရိုးရာဝတ်စုံလေးနဲ့ ဘယ်လိုလေးပါလိမ့်။ အခန်းများမှားဝင်လာသလား။
ထိုသေးသေးလေးကတော့ အိမ်ရှေ့ပေါက်ဝမှာ ဘောင်းဘီတိုနဲ့ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ကိုယ့်ကိုကြည့်နေတာ ဘုကြည့်ကြည့်နဲ့.....။
" ဘာကြည့်နေတာတုန်း ဖယ်ပေးလေ ....."
အမယ် ...... သောက်ကျိုးနည်း ။ လက်တောက်လောက်ရှိတဲ့ ပေါက်စကကိုယ့်ကိုပြန်ဟောက်သွားတာကို ကြည့်ပါဦး။ ကျွန်တော့်ခမျာ အရမ်းတွေ အံ့သြစွံ့အ အမေးဇင်းဖြစ်စွာနဲ့ပဲ ကျွန်တော့်မေးရိုးအဝီစိကို တဟုန်ထိုးကျသွားတဲ့အချိန်မှာ ငနာလေးက ကျွန်တော့် Living room ထဲရောက်နေပြီ........။
မဖြစ်ချေသေးဘူး ဂျောင်ဟိုဆော့ရေ လို့ကွကိုယ်ပြန်သတိပေးရင်း ပေါက်စဆီကို လိုက်သွားပြီး သူ့ရှေ့မှာပိတ်ပြီးရပ်လိုက်တော့။
သောက်ကလေးက အသံစူးစူးနဲ့ထအော်လေရော .......။
" တီဗွီကြည့်နေတယ်လေ မမြင်ရဖူး ဖယ်ပေး ...."
အမယ် ....ဒင်းက ဆိုဖာပေါ်အကျသားဝင်အိပ်ရင်း ကျူပ်ရဲ့တယ်လီဗွီးရှင်းလေးဂို ကလိနေတာ....။ သောက်ကလေး သုံးနှစ်သားတဲ့ လူကိုဟောက်စားလုပ်နေလိုက်တာ။
အဲ ....... တော်ကြာ သရဲတွေဘာတွေဖြစ်နေရင် ဘိုလိုလုပ်မလဲ။ ကြည့်ဦးလေ အခုလို အိုင်တီခေတ်ကြီးထဲမှာ ဘယ်ခလေးက ဒီလို ကျော်တို့ ကွီးယားဝတ်စုံကြီးကို နွေပူပူမှာဝတ်ထားမှာတုန်းလို့ 😭😭 ...... သေချာတယ် သရဲပဲနေမှာ ..... ဒါမှမဟုတ် အရူးလေးလားမသိဖူး။
" ကလေးလေးTVထိုင်ကြည့်ဦးနော် ..... "
ဟိုဆော့ သရဲလိုကလေးလေးကို အိမ်ရှေ့ခန်းထဲမှာထားခဲ့ပြီး အိမ်သာထဲကိုအပြေးလေးဝင်လာခဲ့လိုက်တော့တယ် ပြီးတော့ အိမ်သာတံခါးကို lockချရုံသာမက သော့ပါခတ်ပလိုက်တယ် ..... အေးရော ။