3

813 112 1
                                    

ဆိုဖာ​ပေါ်မှာအကျအနနဲ့ ​ခေါက်​ဆွဲထိုင်​စား​နေတဲ့ ဟိုလူ ..... အဲ  .....ဟိုက​လေးလို့ပဲ​ပြောရမလား။ ဘယ်​လို​ပြောရမလဲ​တောင်​မသိ​တော့ဘူး။ ​လော​လောဆယ်​ အဲ့​လူကြီးက ကျွန်​​တော်​​ခေါက်​ဆွဲပြုတ်​ကို ​အေး​အေး​ဆေး​ဆေးပဲထိုင်​စား​နေတာ။

ကျွန်​​တော်​က​တော့ သူ့​ဘေးနားက​လေးမှာ ပိုက်​​ခေါင်းအုံး​လေးပိုက်​လို့​လေ.....။ အဲအဲ ......တစ်​မျိးမထင်​နဲ့​နော်​။ ခုနက ကျွန်​​တော်​အတင်းဝတ်​ခိုင်းထားလို့ ကျွန်​​တော့်​​ဘောင်းဘီနဲ့ T Shirtကသူ့ကိုယ်​​ပေါ်မှာ​ရောက်​​နေ​လေပြီ........။

်​ခဲညိုညို​​ရောင်​ဆံပင်​စ​တွေက သူ့ပုခုံး​ကျော်​လက်​ပြင်​​လောက်​ထိရှိသည်​။ ပြီး​တော့ မျက်​ရစ်​တစ်​ဖက်​ထဲပါတဲ့ မျက်​ဝန်းနှစ်​စုံ။

အဲ ......​သေချာကြည့်​​တော့ သူ့မျက်​ဝန်း​က ခဲ​ရောင်​​တောက်​ပ​နေတာပဲ......။ သူက ဘာမျက်​ကပ်​မှန်​သုံးတာလဲ.......။😕

ပြီး​တော့ မျက်​ခုံးစပ်​နားက​နေ တဖြည်းဖြည်း​ပြေမြင့်​​ကော့တက်​လာတဲ့ နှာတံတစ်​စုံ။ အိုး ...... သူ့နှာ​ခေါင်းက ချွန်​ချွန်​​လေး......။

ထူးခြားတာက သူ့ရဲ့ပန်း​ရောင်​သန်း​နေတဲ့ နှုတ်​ခမ်းသား​တွေပဲ။ သူ့နှုတ်​ခမ်း​တွေက အရမ်းဆွဲ​ဆောင်​မှုရှိတာပဲ။ မမ ​ပြော​နေကျ ကကြီး နှုတ်​ခမ်းဆိုတာ ဒါမျိုးကို​ပြောတာလား။ ဒီလို လှပ​သေသပ်​တဲ့သူ့နှုတ်​ခမ်းက ပြုံးပြလိုက်​ရင်​အရမ်းလှမှာပဲ......။

သူ့ရဲ့ပန်း​ရောင်​လွှမ်း​နေတဲ့ နှုတ်​ခမ်း​လေးက​နေ ပြုံးလိုက်​ရင်​​လေ.......။ ​ဟောလို .....​ဟောလို​လေး .....ပြုံး .....ပြုံး ........

" ဟာ ​ဟေ့လူ......ဘာလို့ ကျူပ်​ကိုလာဖြီးပြတာတုန်း.......စိတ်​မှမှန်​​သေးရဲ့လား ......"

ဟို​ဆော့တစ်​​ယောက်​ အ​တွေးလွန်​ပြီးတစ်​​ယောက်​ထဲ ပါးစပ်​ကြီးဖြဲပြီး မျက်​လုံးကချစ်​ရည်​ရွှမ်းလဲ့မျက်​ဝန်းလဲ့ပြာပြာ ဖြစ်​​နေတဲ့အချိန်​မှာ ဟိုလူက မျက်​လုံးပြူးမျက်​ဆံပြူး လူကိုကြည့်​​နေ​တော့ သူလည်းရှက်​ရှက်​နဲ့ ......

Mr. Magician Where stories live. Discover now