နွေ၊အချစ်၊အလွမ်း.....

706 82 26
                                    

#ZiKun

Zawgyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Zawgyi

နွေလေရူးတွေ ဝေ့ဝဲ တိုက်ခတ်ကာ တိမ်တောက်နေတဲ့ ညနေစောင်း မှာ သူ့အချစ်ကို စတွေ့ခဲ့သည်။

အနက်ရောင်ဆံပင်ခပ်ပွပွလေးနဲ့အဖြူရောင်ရှပ်လက်ရှည်လေးကရိုးရှင်းစွာ ထိုလူသားနဲ့ လိုက်ဖက်လွန်းသည်။ ဖြူဖွေးကာဖောင်းအစ်နေတဲ့လက်ချောင်းတွေနဲ့ စာအုပ်တချို့ကိုရင်ခွင်ထဲပွေ့ပိုက်ကာ ခပ်သုတ်သုတ်လျှောက်နေတဲ့ပုံရိပ်လေးက ဘောလုံးကန်ပြီးပြီးချင်းမောဟိုက်ပူလောင်နေတဲ့သူ့ရင်ခွင်ကို အေးချမ်းသွားစေသည်။

ရပ်ကွက်ဘောလုံးကွင်းထဲ ကစားပြီးပြီးချင်း ပြန်လာကြတဲ့ ကာလသားအုပ်စုက အရွယ်စုံ ဆိုဒ်စုံမို့ လမ်းသွားလမ်းလာကောင်မလေးတချို့က တိုးတိုးတိတ်တိတ် ငေးကြည့်ကြသည်။

အော်ဟစ် စနောက်ကာ ချွေးသံတရွှဲရွှဲနဲ့ ခြေတံရှည်ရှည်တွေက ပတ်ဝန်းကျင် က အာရုံစူးစိုက်မှုကို အပြည့်အဝရထားသည်။

"ဟိတ်...ချာတိတ်!"

အဖြူရောင်ပုံရိပ်လေးကလေပြင်းညင်းသဲ့သဲ့နဲ့အတူအနားကဖြတ်သွားခိုက် နှောင့်ယှက်လိုက်ချင်တဲ့ စိတ်က ထိန်းမရ သိမ်းမရ...

ဘာလား...ကြောင်တာလား ဆိုတဲ့ အကြည့်လေး တစ်ချက်ပေးပြီး ကိုယ့်လမ်းကိုယ်ဆက်သွားနေတဲ့ ကောင်လေး...

အားးး...ရူးပြီ မျက်ဝန်းဝိုင်းလေးတွေနဲ့အိတွဲနေတဲ့နှုတ်ခမ်းထူထူလေး

....

Cashierမှာ ဆေးလိပ်နှစ်ဘူး အတွက် ပိုက်ဆံထုတ်နေတုန်း ဘေးဘက်ကနေ ကျော်တက်ကာ နို့ဘူးနဲ့ခေါက်ဆွဲပြုတ်ဘူးကို လှမ်းတင်လိုက်တဲ့ လက်ကလေး...

နွေ၊အချစ်၊အလွမ်း.....Where stories live. Discover now