Zawgyiအပူတပြင်းကျရောက်လာတဲ့ နွေမှာ အမှတ်တရတွေက အတော်များခဲ့တယ်။
Ziyi ရဲ့ ချဉ်းကပ်မှုတွေမှာ XuKun ဟာ နေသားကျလာခဲ့တယ်။ မတင်မကျ အခြေအနေကြီးကို XuKun ဟာ မသိချင်ယောင်ဆောင်နေတုန်းပဲ။ အတန်းထဲကခုံပေါ်မှာ အရောင်စုံ ပို့စကတ်တွေ က နေ့စဉ်မပြတ် နေရာယူနေတုန်း ... နေ့ခင်း ကန်တင်းသွားပြီး ပြန်လာချိန်ဆို စာသင်ခုံပေါ်က အေးစက်စက် အအေးဘူးက ရင်ကို အမောပြေစေတုန်း ... ကျောင်းပြန်ချိန်တွေမှာ အနားကပ် စနောက်ပြီး XuKunကို ရယ်မောစေနိုင်တုန်း ...
Ziyi အကြောင်းပြောရင် XuKun ပါ ပါလာတတ်တာမျိုး အခြေအနေတွေထိ သူတို့ နှစ်ယောက်ရဲ့ တရင်းတနှီးရှိနေတဲ့ ဆက်ဆံရေးကို XuKun ဟာ သဘောတကျ ရှိနေပေမယ့် ဒီ့ထက် ပိုသေချာတဲ့ ဆက်ဆံရေးကို ရရှိဖို့အတွက် Ziyi ကတော့ ကြိုးစားနေတုန်းပဲ ... ။
.....
အချိန်က ည ဆယ့်တစ်ခွဲကို အနည်းငယ်စွန်းရုံရှိသေးသည်။ လူကြီးတွေက အိပ်မောကျလောက်ပေမယ့် XuKun ကတော့ ဟိုလုပ် ဒီလုပ်နဲ့ အခန်းမီးလင်းနေတုန်း ... နားထဲကြားနေရတဲ့ ခပ်သဲ့သဲ့ သီချင်းသံက ဘေးအိမ်ကဖွင့်နေတာလား ... ဘေးအခန်းက မမ ဖွင့်နေတာလား သိပ်မသဲကွဲဘူး။
မနက်ဖြန် အချိန်စာရင်းနဲ့တိုက်ပြီး စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်နေတုန်း ဆူညံတဲ့စကားပြောသံတွေနဲ့ရယ်မောသံတွေကိုကြားလိုက်ရတယ်။ ထပ်ပြီး အာရုံစိုက်နားထောင်လိုက်တော့မှ ဒီအသံတွေကို နားထဲရင်းနှီးနေသလို ... မဟုတ်လောက်ပါဘူး လို့ တွေးနေတုန်း ... အင်္ဂလိပ်သီချင်း သံသဲ့သဲ့ကို ကြားနေရပြန်တယ်။
လုပ်လက်စတွေကို ပစ်ချပြီး ပြာလွင်လွင် ခန်းဆီးကို အသာမပြီး ခြံရှေ့ကိုကြည့်လိုက်သည်။ လိမ္မော်ရောင်မီးလုံးအောက် လူသုံးလေးယောက်က ခြံရှေ့အုတ်ခုံပေါ်ထိုင်ပြီး တစ်ယောက်က ဂစ်တာကိုတီးနေတာ ဖြစ်သည်။ မျက်နှာတွေကို သဲသဲကွဲကွဲ မမြင်ရပေမယ့် ဗရုတ်သုတ်ခ ပုံစံနဲ့ အစီအစဉ်တွေကို ရင်းနှီးပြီးသားဖြစ်သည်။
When you say nothing at all သီချင်းကို ဗရုတ်သုတ်ခ ပုံစံတွေနဲ့ဆိုပေမယ့် အသံတွေက ကြည်လင်ပြီး နားထောင်လို့ ကောင်းနေတုန်း ... ဒါကလည်း မထင်ထားတဲ့ သူတို့ရဲ့skillတစ်ခုပဲ ။