meng yao=birth name of jin guang yao
"ကျွန်တော် ခင်ဗျားကို တွေ့ဖူးပါတယ် ဇယ်ဝူကျွင်း"
သစ်ပင်ကိုမှီထားသော လန်ရှီးချန်တစ်ယောက် နာကျင်မှုနဲ့ မှိန်းနေရာမှ မျက်လုံးဖွင့်ကြည့်သည်။ သူ့အား ဒူးထောက်၍ကြည့်နေသော ခန္ဓာကိုယ်ခပ်သေးသေး ယောကျာ်းတစ်ယောက်။
"ကျွန်တော့်က မုံ့ယောင်ပါ ဇယ်ဝူကျွင်း...မစိုးရိမ်ပါနဲ့ ခင်ဗျားကို ကူညီဖို့ ရောက်လာတာပါ"
ထို့နောက်ဘေးတွင်ချထားသော စာအုပ်ထုတ်နဲ့ ဓားကို ကျောမှာလွယ်လိုက်ကာ သူ့ရဲ့လက်မောင်းကိုမကာ ပခုံးထက်တင်လိုက်သည်။ မတ်တပ်ထလိုက်တော့မှ မုံ့ယောင်ဆိုတဲ့ လူရဲ့ခေါင်းဟာ သူ့ပခုံးမျှသာရှိ၏။ အရွယ်အစားကွာခြားမှုကြောင့် မုံ့ယောင်သည် သူ့အား ကောင်းမွန်စွာ သယ်ဆောင်နိုင်ခြင်းမရှိ။ ကျောက စာအုပ်ထုတ်ကလည်းလေးနဲ့ တရွေ့ရွေ့ ခရီးမတွင်။
"ရပါတယ်ဒီကသခင်လေး...ကျွန်တော် လမ်းတော့ လျှောက်နိုင်ပါသေးတယ်"
စကားကြားတော့ မုံ့ယောင်က သူ့ကိုမော့ကြည့်သည်။ မျက်နှာသည် ချောမောလှပခြင်းတို့နဲ့ ပြည့်နှက်နေသည်။ အသားအရည်က ဖြူဖျော့ကာ မျက်လုံးတို့ကားလေးနက်တည်ကြည်သည့်အသွင်ရှိ၏။ နှုတ်ခမ်းထောင့်လေးကွေးအောင်ပြုံးလိုက်လျှင် ငေးကြည့်ရလောက်အောင်ကြည့်ကောင်းသည်။
"တကယ်ရလို့လား"
"အဲ့ဒါဆိုလည်း ခင်ဗျားဘာသာလျှောက်တော့ ကျွန်တော် ခင်ဗျားရဲ့ ပစ္စည်းတွေတော့ သယ်ထားပေးမယ် စိတ်ချပါ ခိုးမပြေးပါဘူး"
လန်ရှီးချန်က အပြုံးနဲ့ ပြန်ဖြေ၏။
"အင်း"
တောတောင်ကားသာယာလှပ၏။ ငှက်တို့ရဲ့ တေးသွား၊ တိုက်ခတ်သွားသော လေပြေညင်းနဲ့ နေပြောက်မထိုးတဲ့ သစ်တော အုပ်ကြီးတွေနဲ့ အေးချမ်းလို့နေသည်။ ဒါပေမယ့် လန်ရှီးချန်ရဲ့ စိတ်ထဲက အပူမီးကတော့ မငြိမ်းနိုင်သေး။ မကြာသေးမီ အချိန်ကမှ ဝမ်ဂိုဏ်းက ယွန်ရှန်ပုကျစ်ချု ကို မီးလောင်တိုက်သွင်းခဲ့သည်။ အားတျဲလည်း ဆုံးပြီ။ ဝမ့်ကျီရော အဆင်ပြေရဲ့လားမသိ။ ဤစိတ်ဖိစီးစရာကောင်းလှတဲ့အတွေးပေါင်းစုံက နဂိုကတည်းက အားနည်းနေတဲ့ သူ့ခန္ဓာကိုယ်ကို ယိုင်နဲ့စေသည်
YOU ARE READING
Platonically Romantically (mo dao zu shi fanfiction)
Ficción históricaEr ge never ever believes me..it hurts 💔 pairing - lanxichen x jin guangyao