"၃၂၁ စ"
အလယ်တွင်နေရာယူထားသော လူရဲ့ "စ" ဆိုသော စကားသံအဆုံးတွင် ပြိုင်ပွဲဝင်နှစ်ယောက်သည် အနိုင်အခံအရှုံးမပေး တိုက်ပွဲဝင်ကြသည်။ လန်ရှီးချန် ခွန်အားကြီးသည် မှန်သော်လည်း ဗလကြီးရဲ့ ဇကလည်းမသေး။
"ဟုတ်ပြီ ....အားထင်....လုပ်ထား လုပ်ထား"
ပြိုင်ပွဲကား ထင်ထားသည်ထက်ပိုကြာနေသောအခါ လူတွေရဲ့ အားပေးသံတို့ကား အနည်းငယ် ငြိမ်ဆိမ်သွားသည်။ ခဏကြာတော့ ဗလကြီးသည် ဆက်တောင့်မထားနိုင်တော့ပဲ သူ့ရဲ့လက်သည် စားပွဲမျက်နှာပြင်နဲ့ တစ်ဖြည်းဖြည်းနီးကပ်လာသည်။
မုံ့ယောင်ရဲ့နှုတ်ခမ်းစွန်းများကား အနည်းငယ် တွန့်ကွေးကာ ...စိတ်ထဲက ကြိတ်လှောင်လိုက်သည်(ဟက် ... မင်းတို့ ဇယ်ဝူကျွင်းကို မနိုင်ပါဘူးကွာ အလကားကောင်တွေ)
လက်နဲ့ စားပွဲမျက်နှာပြင်နဲ့ အကွာအဝေးကား သုံးလက်မ နှစ်လက်မ တစ်လက်မ....ခနက တဟေးဟေး လုပ်နေသော လူအုပ်ကြီးရဲ့ အသံတို့ကား မီးကို ရေနဲ့ ငြိမ်းလိုက်သည့်နှယ်။သူတို့သည် ရှုံးမှာ သေချာနေပြီ ဖြစ်သော ဤပြိုင်ပွဲအတွက် လောင်းခဲ့သော ပိုက်ဆံတွေကို နှမြောတသကြည့်နေကြသည်။
တစ်လက္မ....ထိလုနီးပါး
ဘယ်သူထင်ထားမလဲ...ပြိုင်ပွဲဝင် လန်ရှီးချန်တစ်ယောက် စားပွဲပေါ်မှောက်လျက်သား အိပ်မောကျသွားမယ်လို့။ လက်တို့ကား ဆန့်ကျင်ဘက်သို့ပြန်ရောက်ကာ ဗလကြီးက ပွဲသိမ်း အောင်ပွဲခံသွားသည်။
"ဟမ်??"
"ဟမ်"
လူအများသည် ထအော်ရမယ့်အစား မျက်စိတမှိတ်အတွင်းဖြစ်ပျက်သွားသော အခြေအနေကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိအောင် ဖြစ်သွားသည်။ ဗလကြီးသည်လည်း ကိုယ့်ကိုကို အနိုင်ရလိုရသွားမှန်းမသိ။ ငိုင်တိုင်တိုင်ရပ်နေသည်။
"ဟားဟားဟား နိုင်ပြီကွ"
လူတစ်ယောက်ရဲ့ ထအော်သံကြောင့် သူတို့အားလုံး အသိစိတ်ဝင်လာကာ တဖန်ပြန်လည် ဆူညံသွားသည်။"ဟားဟားဟား ဟဲ့ကောင်လေး မင်းလူက ဘာလဲကွာ.... သွားသွား ခေါ်သွားပြီး ချော့သိပ်လိုက်ဦး"
YOU ARE READING
Platonically Romantically (mo dao zu shi fanfiction)
Ficción históricaEr ge never ever believes me..it hurts 💔 pairing - lanxichen x jin guangyao