အိမ်ပြန်ရောက်တော့... သားကိုအိပ်ခန်းထဲမှာဝင်သိပ်လိုက်ပြီး... ကိုယ်ကတော့.... ညစာစားဖို့ဝယ်လာတဲ့...
ငါးသုံးကောင်ကို... သေချာကိုင်ပြီး... တစ်ကောင်ကို
ရေခဲသေတ္တာထည့်လိုက်သည်...။ နောက်နှစ်ကောင်ကိုတော့
တစ်ကောင်ကို သားအတွက်ကင်လိုက်ပြီး... တစ်ကောင်ကို တော့... ဟိုတနေ့က.. Arjushi ပေးလိုက်တဲ့..ကင်ချီနဲ့
ငါးချဉ်စပ်လေးချက်လိုက်သည်....။အားလုံးပြီးလို့....
နာရီကြည့်တော့... မနက် တစ်နာရီထိုးနေပြီ...ဖြစ်တာကြောင့်.... ချက်ထားတဲ့ဟင်းတွေကို.. မနက်မှသားနဲ့အတူစားမယ်ဆိုပြီး....ရေခဲသေတ္တာလေးထဲထည့်ထားလိုက်သည်...။ သားက ဆိုင်မှာတုန်းက.. ဆိုင်ရှင်က
ချစ်ဖို့ကောင်းလို့ဆိုပြီး.. အမဲစွတ်ပြုတ်ကျွေးလိုက်တာမို့..
အိပ်နေတဲ့သားကိုမနိုးတော့..။ ကိုယ်ကတော့.. ဘာမှမစားရသေးတာမို့... ဆာနေတဲ့ဗိုက်ကိုခေါက်ဆွဲပြုတ်နှင့်သာ...ဖြေရှင်းလိုက်သည်....။မနက်ဖြန် တစ်ရက်တော့..အလုပ်နားမယ်လို့စဉ်းစားရင်း...
သားဘေးနားက.... နေရာလွတ်လေးမှာ.... နောင်လာမည့်အနာဂတ်ကိုလည်း... ကြိုတွေးရင်းအိပ်စက်လိုက်သည်..။ပြတင်းပေါက်ကနေ.ကျရောက်နေတဲ့နေရောင်ပြောက်လေးတွေကြောင့်... မျက်လုံးတို့ကအလိုလိုပွင့်လာသည်....။
ဘေးနားက သားကတော့... အိပ်မောကျနေတုန်း....။
ဒီနေ့.. unnie ဖိတ်ထားတဲ့ party ကိုသွားမယ်လို့
ဆုံးဖြတ်ထားသည်.... ။ အရင်ကမွေးနေ့ပွဲတွေဖိတ်တိုင်း ...
ငြင်းခဲ့တော့... အားနာလှသည်...။ ဒါကြောင့် ဒီနှစ်တော့သွားမည်...။မနက်ပိုင်းကို.. သားနဲ့အတူ ထမင်းစားပြီး... အိမ်ကိုသန့်ရှင်းရေးတွေလုပ်ပြီးကုန်ဆုံးသွားခဲ့သည်....။ နေ့လည်ပိုင်းကိုတော့... သားကိုကိုယ်တတ်သလောက်ပညာလေးနဲ့..စာသင်ပေးလိုက်သည်.... ။သားတစ်ယောက်ကိုတောင် ကျောင်းမထားပေးနိုင်တဲ့.. ကိုယ့်ကိုလည်း .. စိတ်ပျက်မိသည်..။
YOU ARE READING
Moonlight Dawn By Cloud
RomanceWarning - Rated M Don't brush me 🔕🔕 Cover by @MaaYa_H