Episode 2

689 123 55
                                    

တရုတ်​နိင်​ငံ Chuu Gonမြို့....

တိတ်​ဆိတ်​လှ​သော ပတ်​ဝန်းကျင်​တစ်​ခုတွင်​ခမ်းနားလှ​သော​ရှေး​ခေတ်​Siheyuanအ်ိမ်​အမျိုးအစား အိမ်​တစ်​ဆောင်​တည်​ရှိ​နေသည်​...

များပြားလှ​သော အ​ဆောင်​များနှင့်​ကြီးကျယ်​ခမ်းနားရ​သော Lim အိမ်​တော်​မှာ အာရှတိ်ုက်​မှောင်​ခို​လောက၏ အဓိက​နေရာပင်​ဖြစ်​သည်​....ကြီးမားလှသည့်​အပြင်​လူ​ခြေတိတ်​သော​နေရာတစ်​ခုတွင်​ဆောက်​လုပ်​ထား​ခြင်းဖြစ်​သဖြင့်​Lim အိမ်​တော်​၏ တကယ့်​သရုပ်​မှန်​ကို မည်​သူမှ မသိကြ​ပေ...

Lim အိမ်​တော်​မှ အ​စေခံများက​တော့ အိမ်​တော်​တွင်းအ​ကြောင်း​နော​ကျေ​အောင်​သိ​နေကြသည်​...အထူးသဖြင့်​ဥယျာဉ်​အ​ရှေ့ဘက်​ရှိ အ​ဆောင်​အ​ကြောင်း​ပင်​ဖြစ်​သည်​....

Lim စံအိမ်​တော်​၏ သခင်​လေးဖြစ်​သူ Lim Yaung မှာ အလွန်​မိန်းမလိုက်​စားသည်​...အ​ရှေ့ဘက်​အ​ဆောင်​မှာ Lim Yaung၏ အိပ်​ခန်း တည်​ရှိရာ​နေရာဖြစ်​ပေသည်​...ထို့​ကြောင့်​သူတို့သခင်​လေးအ​ကြောင်း​နော​ကျေ​နေ​သော​အလုပ်​သမားများ ထိုအ​ဆောင်​နား​ယောင်​လို့ပင်​မသွား​ပေ..
ယ​နေ့တွင်​လည်း ည​နေပင်​နေမ​စောင်း​သေး အ​ဆောင်​တွင်း လူမမြင်​သင့်​သော ကိစ္စများကို စတင်​နေ​လေပြီ...

၁နာရီခန့်​အကြာတွင်​သေနတ်​သံ၃ချက်​နှင့်​အတူ Lim အိမ်​တော်​တစ်​ခုလုံး ရုတ်​ရုတ်​သည်းသည်းဖြစ်​သွား​တော့သည်​...​သေနတ်​သံကာ မိန်းမ​ပွေ​လွန်း​သော Lim Yaung ၏ အ​ဆောင်​တွင်းမှ လာသည်​ဖြစ်​၍ အ​စောင့်​များအားလုံး အ​ပြေးအလွှားသွားလိုက်​ကြသည်​..

"Lim သခင်​လေး...အဆင်​ပြေရဲ့လား...တံခါးကိုဖွင့်​ပေးပါ..ကျွန်​တော်​တို့​သေနတ်​သံကြားလို့ပါ..."

တံခါးဖွင့်​သံနှင့်​အတူ​ရိုးရာ​ရေချိုးဝတ်​စုံကို ဝတ်​ထားသည့်​Lim Yaung ထွက်​လာသည်​...ယခင်​ကဲ့သို့ ဆံပင်​ကို​သေချာ လှန်​တင်​ထားခြင်းမဟုတ်​သဖြင့်​ဆံပင်​များက ပုခုံး​ပေါ်သို့ကျ​နေသည်​...ထို့ပြင်​လျော့ရဲစွာ စည်းထား​သော ကြိုးစ​ကြောင့်​Lim Yaung၏ ရင်​အုပ်​ကျယ်​ကို တပိုင်းတစမြင်​နေရ၏....

Midnight Flower (Season 2)Where stories live. Discover now