Episode 7

568 101 58
                                    

တနင်္ဂနွေနေ့...

Flora စံအိမ်​မှာ ယခင်​နေ့များထက်​ခြောက်​ကပ်​နေသည်​။နားရက်ဖြစ်​၍ အလုပ်​သမားများမှာလည်း အပြင်​ထွက်​လည်​နေကြ၏။အပြင်​ဘက်​တွင်​လည်း ဆီးနှင်းများ တဖွဲဖွဲ ကျဆင်းနေရာ ရာသီဥတုမှာ ပျင်းရိဖွယ်​ကောင်းနေသည်​။November လမို့ ပျင်းစရာကောင်းနေခြင်းများလားဟု ကဗျာစာအုပ်​ကို ဖတ်​နေရင်း တွေးနေမိသည်​။

ရုတ်​တရပ်​Venessa မျက်​လုံးထဲ သူမ၏ မျက်​နှာချင်းဆိုင်​sofa တွင်​ချောကလက်​ကို ပါးစပ်​တစ်​ခုလုံးအပြည့်​ထိုးထည့်​နေသော ကောင်​မလေးတစ်​ယောက်​ကို မြင်​ယောင်​လာသည်​။ လှဲလျောင်းကာ ကာတွန်းစာအုပ်​တစ်​အုပ်​က်ုိဖတ်​ရင်း သူမသဘောကျသည့်​နေရာများရောက်​လျှင်​ချက်​ချင်း Venessa ဆီပြေးလာကာ လာပြရသည်​မှာအမော...

တနင်္ဂနွေနေ့တိုင်း အိမ်​ကို လာလည်​ကာ အိမ်​ထဲရှိသမျှကို မွှေနှောက်​သည်​။မီးဖိုချောင်​ထဲရောက်​ရင်​လည်း အစားအသောက်​များ နှိုက်​စားသေးသည်​။စာကြည့်​ခန်းထဲတွင်​လည်း စာအုပ်​များကိုမွှေသေးသည်​။ တခါတလေ အိမ်​စာများပင်​အကြွေးသယ်​လာကာ Fukouuကို ပြဿနာပေးသေးသည်​။

Fridi ခမျာ Mei လာလည်​မည်​ဆိုပါက သွေးကျဆေး ကြိုတင်​သောက်​ထားရသည်​။ Mei ပြန်​သွားရင်​လည်း အရှုပ်​များရှင်းရ၍ အိမ်​တော်​ထဲရှိ အလုပ်​သမားများ ငိုရသည်​။

တွေးမိနေရင်း Meiကိုသတိရမိသဖြင့်​အသံထွက်​ရယ်​မိသည်​။

"Ven ဘာတွေသဘောကျနေတာလဲ.."

သူမ၏ ဘေးတွင်​စာအုပ်​ရွေးနေသော Fukouu  မှစကားစလိုက်​သည်​။

"ဟိုကောင်​မလေးကိုသတ်ိရလို့..."

"အော်​ကွီးမိုင်​လား..."

"သူ့နာမည်​က ချုန်းမိန်​ပါဟာ....နင်​ကလည်း သူမကြိုက်​တာကို သွားခေါ်ပြန်​ပြီ..."

ကဗျာစာအုပ်​ကို ဘေးဘက်​ခုံပေါ်သို့ ပစ်​တင်​လိုက်​ပြီး မျက်​မှောင်​ကြုံ့ကာ ပြောလိုက်​သည်​။Qiu Meiကို စိတ်​တိုအောင်​စတာ နည်းနည်းလေးမှ သဘောမကျပေ။
်​
"ဟုတ်​ပါတယ်​..ငါမှားပါတယ်​"

Midnight Flower (Season 2)Where stories live. Discover now