Episode 13

572 89 73
                                    

လေယာဉ်​ပေါ်တွင်​Venessa စိတ်​ညစ်​ညူးစွာထိုင်​နေလိုက်​သည်​။ချပေးထားသော လိမ္မော်​ရည်​ကိုပင်​မသောက်​နိုင်​။အိတ်​ထဲမှ ပန်းချီကားကို နှမြောကြီးစွာ ကြည့်​နေမိ၏။ ခက်​ခက်​ခဲခဲ Longဂိုဏ်းဆီမှ ဖြတ်​လုထားရသည့်​တန်​ဖိုးကြီးပစ္စည်းကို Lim Yaumgလက်​ထဲ ပြန်​ထည့်​လိုက်​မည်​ကိုတွေးရင်း သွေးအန်​ချင်​စိတ်​ပင်​ပေါ်လာသယောင်​။သို့သော်​လည်း Mei နှင့်​ခြိမ်းခြောက်​ထားသဖြင့်​ဥပေက္ခာမပြုန်ိုင်​။ သူမကိုယုံကြည်​ပေးသူတို့၏မျှော်​လင့်​ချက်​ကို ရိုက်​ချိုးပစ်​သည့်​အထိ သူမ အကြင်​နာတရားမမဲ့သေးပေ။

"နားနေလိုက်​ပါလား။Chuu Gonကိုရောက်​ဖို့နောက်​ထပ်​၃နာရီလောက်​ကျန်​သေးပါတယ်​"

Fridi၏စကားကို အထူးအဆန်းသဖွယ်​နားထောင်​ရင်း သူမ ပြန်​ပြောလိုက်​သည်​က"၃နာရီတည်းနဲ့ ဘယ်​လိုအိပ်​မလဲ။မအိပ်​တော့ဘူး"

Venessa၏စကားကြောင့်​Fridiမှာ ဘာမှဆက်​မပြောတော့ဘဲ ထွက်​သွားလိုက်​သည်​။Venessaသည်​ငြိမ်​သက်​စွာထိုင်​နေရင်း အတိတ်​အကြောင်းပြန်​လည်​စဉ်းစားနေလိုက်​သည်​။

ထိုနေ့က သူမတို့၂ယောက်​လုံးဒဏ်​ရာအသီးသီးရကာ မလှုပ်​ရှားနိုင်​တော့သည့်​အချိန်​တွင်​Fukouu ရောက်​လာသောကြောင့်​ကံသီစွာလွတ်​လာခဲ့ခြင်းပင်​။Lim Yaung၏ လူယုံ Fengသည်​လည်း ငတုံးတစ်​ယောက်​မဟုတ်​သောကြောင့်​ဒဏ်​ရာရနေသော သူ့ကိုသာ တွဲခေါ်ရင်း ထွက်​ပြေးသွားလေသည်​။

Fukouuအကြောင်းတွေးမိလိုက်​သည်နှင့်​သူမနှလုံးသားမှာ အလွန်​အမင်းနာကျင်​လာရသည်​။သူမဘဝတွင်​ရှားရှားပါးပါး ချစ်​ခဲ့မိသူတစ်​ဦးက အစကတည်းက နောက်​ကျောကိုဓားနှင့်​ထိုးနေခဲ့သည်​လေ။ ထို့ပြင်​Mei ထိုသို့ ဖမ်းမိသွားရခြင်းမှာ သူမအပြစ်​မကင်းပေ။
သူမသာ Meiသူလျှိုလုပ်​မည်​ဟုဆိုတုန်းက ခေါင်းမငြိမ့်​ခဲ့လျှင်​၊နောက်​ဆုံး သူသာFukouuကို ထိုအကြောင်းမပြောခဲ့လျှင်​Mei နာကျင်​ရမည်​မဟုတ်​ပေ။

သူမသည်​လည်း ငတုံးတစ်​ယောက်​မဟုတ်​သောကြောင့်​Meiအကြောင်းဖော်​စားသွားသူမှာ Fukouuမှလွဲတခြားသူမဖြစ်​နိုင်​မှန်း​သိနေပါသည်​။

Midnight Flower (Season 2)Where stories live. Discover now