Part 2(Unicode/Zawgyi)

41.4K 1.7K 32
                                    

(Unicode) . "အား..............."

ခေါင်းမှမူးဝေမှူတွေနဲ့အတူ မူပိုင်သတိရလာလေသည်။

သတိရလာတဲ့အခါ ပထမဆုံးမြင်လိုက်ရတာက သူ့အပေါ်မှာ စူးရှစွာထွန်းလင်းနေတဲ့မီးသီးတစ်လုံး. ......

ဒါ့အပြင်အခန်းကြီးဟာ နီကြောင်ကြောင်နှင့်ခြောက်ခြားဖွယ်တောင်ကောက်းနေသလို.......

ငါဘယ်ရောက်နေတာလဲ...........

သူဘေးပတ်ဝန်းကျင်ကိုတစ်ဖက်လှည့်ကြည့်ရာ မြင်လိုက်ရတာတွေက သံကြိုးတွေ...နိုင်လွန်းကြိုးတွေ....ခါးပတ်တွေ....တခြားကိရိယာတွေရော နံရံမှာချိတ်ထားတာကြောင့် မူပိုင်ကြောက်စိတ်ဝင်သွားသလို။

သူထဖို့ရန်ရွယ်လိုက်သည်။ သို့ပေမယ့် သူ့ကိုတစ်ခုခုကထိန်းချုပ်ထားသလိုခံစားရ၍သူထမရ။ သူ့လက်တွေမှာတစ်ခုခုထိန်းချုပ်ထား၍ သူကြည့်လိုက်ရာ ကုတင်ကိုချိတ်ထားတဲ့လက်ထိပ်တစ်ကွင်းကသူ့လက်ကိုချိတ်ထားလို့နေသည်။

သူအတင်းကုန်းထသည်.... သူ့ရဲ့ခြေထောက်တွေမှာလည်းချုပ်နှောင်ထား၍ ဘာမှလှူပ်ရှားလို့မရ။

..........ကျွီ.......................................

ထိုစဉ် သူ့ကိုဖမ်းချုပ်ထားသည့်အခန်းတံခါးမှာ...တဖြည်းဖြည်းချင်းပွင့်လာရာ မူပိုင်အဲ့ဒီဘက်ကို ရင်တထိတ်ထိတ်နှင့်ကြည့်နေမိ၏။

.......................ဝုန်း.......... ...................

ထိုအချိန်မှာ တံခါးကိုအဆုံးထိဝုန်းခနဲဖွင့်ချလိုက်သောအသံကြောင့်
မူပိုင်ဆက်ခနဲတုန်သွားရသည်။

ပွင့်ဟသွားသောတံခါးတို့နောက်ကွယ်မှာရှိနေတဲ့သူက ဘုန်းမြတ်မင်း.......။

ထိုသူ့ကိုမြင်လိုက်ရတဲ့အတွက် မူပိုင်ရင်ထဲနာကြင်လာသလိုလို...
ဒေါသမီးတို့တောက်လောက်လာသလိုဖြစ်ရသည်။

ထိုသူကတော့ ကောက်ကျစ်သည့်အပြုံးနဲ့ သူ့ဆီသို့လျှောက်လှမ်းလာလေသည်။

ဘုန်းမြတ်ရဲ့ခြေလှမ်းတွေတစ်လှမ်းပြီးတစ်လှမ်းသူ့ဆီသို့လျှောက်လှမ်းလာ၍ မူပိုင် သူ့ကိုချုပ်ထားတဲ့လက်ထိပ်တွေကြားမှာ ပို၍ပင်ရုန်းကန်လေတော့သည်။

Fake Love🔞 (Complete )Where stories live. Discover now