Part 52(Unicode/Zawgyi)

11.7K 598 6
                                    

[Unicode]ဘုန်းမြတ်လုပ်ပုံကြောင့် ထိုကလေးမှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။ သူ့နေရာမှာ တခြားသူတွေဆို ခုန်ပေါက်ပျော်တော့မည်မဟုတ်လားလေ။

''ကိုယ်မင်းကိုဝတ်ပေးပါရစေ. . . ''

ဘုန်းမြတ်တောင်းခံပြန်သော်လည်း ထိုကလေးက ဘာမှမတုံ့ပြန်ပဲ ငေးကြောင်နေလေ၏။

*ခင်ဗျား ကျွန်တော့်ကိုအတည်ပေါင်းသင်းနိုင်ပါ့မလား. . . ကျွန်တော်က ဘာမဟုတ်တဲ့ယောကျာ်းတစ်ယောက်လေဗျာ. . . ခင်ဗျားကအခုမှလုပ်ငန်းတွေကိုပြန်တည်ထောင်နေတဲ့သူ ပတ်ဝန်းကျင်တွေရဲ့ရိုက်ခတ်သံတွေကြောင့် ခင်ဗျားဘဝထပ်ပြီးကျဆုံးသွားမှာကို ကျွန်တော်မလိုလားဘူး. . . *

ထိုလက်စွပ်လေးတစ်ကွင်းကြောင့် မူပိုင်မှာခေါင်းတွေချာချာလည်အောင် စဉ်းစားလိုက်ရသည်။ ဒါပေမယ့် သူလက်ခံချင်လွန်းနေတာ တစ်ဖက်စွန်းရောက်နေပေပြီ။ အသိစိတ်ကထိန်းထားသော်လည်း နှလုံးသားကမထိန်းနိုင်တော့ပဲ ဘုန်းမြတ်ဆီသို့ လက်ကမ်းပေးလိုက်တော့သည်။

ထိုအခါမှာ လက်စွပ်ကလေးဟာ သူ့ရဲ့လက်သူကြွယ်ထက်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားခဲ့သည်။

''ကိုယ်မင်းကိုအရမ်းချစ်တယ် မူပိုင်. . . ကိုယ့်ကိုလက်ထပ်ပါ . . မင်းကိုကိုယ့်အနားမှာအမြဲရှိနေစေချင်ပြီ. . . ''

သူလက်ထပ်ခွင့်တောင်းတဲ့အခါမှာ အရင်တုန်းကမူပိုင်သာဖြစ်ခဲ့လျှင် ခုန်ပေါက်ပျော်နေတော့မည် ရှက်ယောင်သန်းနေတော့မည်ထင်ခဲ့သည်။ သို့သော် ယခုထိုကလေးမှာ အူကြောင်ကြောင်နဲ့မပြုံးမရွှင်ဖြစ်နေခဲ့သည်သာ. . . . .

*မင်းကိုယ့်ကို တကယ်ရောချစ်ရဲ့လားဟင်. . . ကိုယ်တကယ်ကြောက်မိတယ် မင်းဟန်ဆောင်နေမှာကို. . . *

''တော်ပြီလေ . . . ထတော့. . . ''

အတွေးလွန်ပြီးဒူးထောက်နေတဲ့ဘုန်းမြတ်လက်နှစ်ဖက်ကိုဆွဲလိုက်ပြီး ထစေလိုက်၏။ သို့သော် ထိုကလေးကမျက်နှာတည်ဖြစ်နေတဲ့အတွက် ဘုန်းမြတ်မျက်နှာလေးငြှိုးနေပေပြီ။ သူလက်ထပ်ခွင့်တောင်းခဲ့တာဟာ crushဆီကအငြင်းခံလိုက်ရသလိုပုံစံမျိုးဖြစ်နေတော့သည်။

Fake Love🔞 (Complete )Tahanan ng mga kuwento. Tumuklas ngayon