Part 1(Unicode/Zawgyi)

60.1K 2K 38
                                    

(Unicode)ညသည်တိတ်ဆိတ်၍ အအေးဓာတ်တို့ပျံ့လွင့်လို့နေသည်။

နေရာဘေးပတ်ဝန်းကျင်များလည်းတိတ်ဆိတ်နေတာမို့ကြီးကျယ်လှသောမင်္ဂလာခန်းမကြီးထဲမှာလည်း အရမ်းတိတ်ဆိတ်နေပေသည်။.ထိုခန်းမကြီးထဲမှာ လူတစ်ယောက်စိတ်ညစ်ညစ်နဲ့ထိုင်လို့နေသည်။

သူ၏နက်ရှိူင်းလှသောမျက်ဝန်းထဲမှာ ဝမ်းနည်းမူတွေ ဒေါသတွေ..မခံမရက်နိုင်ခံစားမူတို့ပေါင်းစုပြီး မျက်ရည်စတွေအဖြစ် သူ၏ပါးပြင်ပေါ်စီးကျလို့နေလေသည်။

မင်္ဂလာခန်းမစင်မြင့်မှာ ကြိုတင်ပြင်ဆင်ထားသည်ကိုကြည့်ရတာ မနက်ဖြန်မှာ မင်္ဂလာပွဲတစ်ခုရှိမည်ဟုခန့်မှန်းရသည်။
ထိုသူကအဲဒီမင်္ဂလာပွဲအတွက်ခံပြင်းနေခဲ့တာလား.......

"မူပိုင်သည်ဟော့ဒီက ဘုန်းမြတ်မင်းရဲ့ကောင်လေးဖြစ်သည်....
ကျွန်တော်ဘုန်းမြတ်သည် မူပိုင်ကိုတစ်သက်လုံးမြတ်မြတ်နိုးနိုးချစ်ပါ့မယ်လို့ ကတိသစ္စာပြုပါ၏။ "

အတိတ်တစ်ချိန်တုန်းက ထိုခန်းမထဲ လူမရှိတဲ့အချိန်မှာ လူနှစ်ယောက်စင်မြင့်ထက်တက်ကာ ချစ်ရေးဆိုလို့နေသည်။

အရပ်မြင့်မြင့်နှင့် အသက်၃၀ကျော်လောက်ရှိပြီဖြစ်လိမ့်မည့် ခံ့ခံ့ညားညားလူတစ်ယောက်က သူ့ပုခုံးထက်လောက်ပဲအရပ်ရှိသည့် ကောင်လေးတစ်ယောက်ရဲ့လက်ကို အချစ်သငေ်္ကတလက်စွပ်ဝတ်ပေးရင်း အကြည့်တွေစူးရှလို့နေသည်။

"ကျွန်တော် မူပိုင်သည်လည်း ကိုဘုန်းမြတ်ကို ထာဝရချစ်ပါ့မယ်လို့ကတိပေးပါသည်...."

ထိုကောင်လေးသည်လည်း အရမ်းပျော်ရွှင်နေသည့်ပုံနှင့် ဘုန်းမြတ်မင်းဆိုသည့်လူ ဝတ်ပေးလိုက်သည့်လက်စွပ်ကိုကြည့်ရင်း ကြည်နူးနေသည့်ဟန်ဖြင့်......

ထိုလူက သူ့ရဲ့ချစ်ရတဲ့ကောင်လေးရဲ့နဖူးကို တစ်ချက်အနမ်းခြွေရင်း ..... မင်္ဂလာခန်းမကြီးကအချစ်တွေနဲ့ပြည့်နှက်နေလျက်.......

"မူပိုင်......................."

ဝုန်း.......................................................

အတိတ်ကမြင်ကွင်းတစ်ချို့ကိုမြင်တော့ ဒေါသအရမ်းထွက်လာသည့်နှယ် ပေါက်ကွဲစွာထအော်လိုက်ကာ ထိုင်နေရာကနေထလိုက်ပြီး ခုံတွေကိုတွန်းလှဲပစ်၏။..

Fake Love🔞 (Complete )Donde viven las historias. Descúbrelo ahora