*Zawgyi
Chanyeol တစ်ယောက် Appa ဆီသို့ ရောက်တာနဲ့ ပြေးသွားပါတော့တယ် ..
Chanyeol အတွေးထဲမှာတော့ Appa Kris က ပွေ့ဖက်ပြီးဆီးကြိုနေခဲ့တာပေါ့....ဒါပေမယ့်...လက်တွေ့မှာတော့ Kris ရဲ့ လက်သီးတစ်ချက်နဲ့ စတင်မိတ်ဆက်လိုက်ပါတယ်......
Chanyeolလည်း လည်ထွက်သွားတဲ့ ကိုယ်ကို ပြန်ထိန်းလိုက်ကာ နှုတ်ခမ်းကသွေးစတစ်ချို့ကို လက်နဲ့ဖိသုတ်လိုက်တယ်....
"Appa...ဘာလို့လဲ...ကျနော် ဘာ ထပ် လုပ်မိလို့လဲ..."
"ဘာ!!!ဘာထပ် လုပ်မိလို့လဲ ဟုတ်လား.....မင်း...မင်း အခု တွဲနေတဲ့သူ က ....တောက်!!"
Kris က ကျောပေးလိုက်တယ်.....Chanyeol လည်း ဘေးမှာရပ်နေတဲ့ Omma နဲ့ Lu ကိုကြည့်လိုက်တော့ မျက်နှာကို ငုံ့ ထား ကြတယ်.....
Chanyeol ကျောပေးပြီး ရပ်နေတဲ့ Kris ဆီကို လျောက်သွားလိုက်တာ ဒူးထောက်ချလိုက်သည်......
"Appa.......Miyanae......ကျ..ကျနော် သူ့ကို တကယ် ချစ်မိတာပါ.....Appa ah..."
Kris က ငိုသံပါနေတဲ့ Yeol လေး အသံကြောင့်...အနောက်ကို တဖြည်းဖြည်း လှည့်ကြည့်လိုက်တော့ ဒူးထောက်ထား တဲ့ Chanyeol ကြောင့် အံ့သြမှင်သက်သွားမိသည်
"Chan..Chanyeollie...မင်း ဘာလို့လဲ....မင်းကွာ..."
ဒူးထောက်ထားတဲ့ Chanyeol ကို Kris ကွေးညွှတ်လိုက်ပြီး ပွေ့ဖက်လိုက်တယ်.........
Chanyeolလည်း Kris ကို ပြန်ဖက်ထားလိုက်ကာ သားအဖနှစ်ယောက် ငိုနေတော့တယ်......
"Appa......Appa....သား...လွမ်းနေတာသိလား အဟင့်.....သားလေ Appa ကို အရမ်းတွေ့ချင်နေတာ.."
ကလေးတစ်ယောက်လို ဖခင်ရဲ့ ရင်ခွင်ထဲ ၀င်ပြီး ငို နေတော့တယ်.......
သားရယ်.....Appa လည်း မင်းကို မလွမ်းဘူးလို့ထင်နေတာလား...ဒါပေမယ့် အခု...အခု သား လုပ်နေတာတွေက Appaကို ဆန့်ကျင်နေတဲ့ အရာတွေဆိုတာရော သိရဲ့လား...
Chan ကို ရင်ခွင်ထဲက ဆွဲထုတ်လိုက်ကာ...
"Yeollie....Appa ဒီတစ်ခါတော့ မင်းကို ခွင့်ပြုမှာ မဟုတ်ဘူး ဆိုတာ သိထားပါ....မင်းအခု ကစပြီး အိမ်မှာပြန်လာနေရမယ်....နောက်ပြီး ငါသဘောတူတဲ့ ကောင်မလေးနဲ့ လက်ထပ်ရမယ်...."
YOU ARE READING
Baby Reporter
FanfictionChanbaek/Baekyeol Yaoi Fanfiction "ဟို ဘက် တိုး စမ်း ပါ!!ကျနော် ခဏလေးပဲ တွေ့မှာပါ Arjushi ရဲ့ Ya~Ya!!!ကျနော့်ကို လွှတ်နော်!!" "သူ့ကို ၀င် ခိုင်း လိုက်~~~" Park_Sori461