part-5

1.6K 97 2
                                    

Before I Die (p-5) (zawgyi)

ဂရိတ်တားဘာလင် စိုက်ပျိုးမွေးမြူရေးစခန်း
~~~~~~~~~~~~~~~~~~~~

"ထောင်မှူး သူ့ကို ကျုပ်စခန်းခေါ်သွားမယ်"

"အကျဉ်းသား နံပါတ် 731
စတန်ဒါ ဝှစ်"

ထောင်စောင့်တပ်သား၏ အကျဉ်းသားပယ်ဖျက်
စာရင်းအပြီးတွင် ဝှစ် တစ်ယောက် ကွန်မန်ဒါ ဂျိုးဇက် နောက်သို့ မျက်ရည်ဆက်လက် နှင့်
ပါသွားခဲ့ရသည်။ လေတိုက်ရင်တောင် လွှင့်နိုင်
သော ခန္ဓာကိုယ်နှင့် ခိုင်းလျှင်လဲ  မထုံတတေး
လုပ်နေတတ်သော စတန်ဒါဝှစ်အား ကွန်မန်ဒါ
ဂျိုးဇက် ဘာကြောင့် ရွေးချယ်ခေါ်ဆောင် သွားသလဲဟု စဉ်းစား၍ပင်မရပေ။ အလားတူပင်
ဝှစ်၏ ရုတ်ချည်းပြောင်းလဲ နေသော ပုံစံတစ်ချို့
မှာလဲ ကွန်မန်ဒါ ဂျိုးဇက်နှင့်ဆက်စပ်မိသလားဟု
တွေးရပြန်မည်။ဝှစ်မှာ ပြည့်စုံသော အသိုင်းအဝိုင်း
မှပေါက်ဖွားကြီးပြင်းလာခဲ့သည်မဟုတ် သော်ငြား
လောကဓံ ၏ အလှည့်အပြောင်းနှင့်ရိုတ်ခတ်မှု
ဒဏ် အားအတော်အသင့်ခံခဲ့ရသူဖစ်သည်။
ဒါကြောင့်လဲ တော်ရုံနာကျင်ခံစားမှုမျိုးဆို သူမဖြုံ
တော့ပေ။ သူ၏ အားသာချက် အားနဲချက်များကို
ချစ်သူဖစ်တဲ့ danny တောင်အလုံးစုံမသိနိုင်
သူဖစ်သည်။ လွယ်လွယ်မှတ်ချက်ပြုရလျှင် စတန်ဒါဝှစ်မှာကောက်ကျစ်တတ်သူမဟုတ်သော်လဲ ဉာဏ်များတတ်သူ ဟုသတ်မှတ်နိုင်ပေသည်။ ဂျိုးဇက်သည် ဝှစ်အား အငိုလွယ်သော
ကလေးတစ်ယောက်လိုဖစ်စေခဲ့လေသလား ။

"သူ့ကို လက်ထိပ်ဖြုတ်ပေးလိုက်"

ဂျိုးဇက်၏ အမိန့်ကြောင့် တပ်သားများက ဝှစ်အား
လက်ထိပ်ဖြုတ်ပေးလိုက်သည်။ ဆူပုတ်ပုတ်မျက်
နှာပေးနှင့် လက်ကောက်ဝတ်နှစ်ဖက်အား
ပွတ်နေသော ဝှစ် ပုံစံမှာ သခင်ဖစ်သူ ဂျိုးဇက်
အတွက်တော့ နာသည်ထက်နာအောင် ပိုလုပ်ချင်
နေမှာအမှန်ပင်။

"မင်းကိုအပြေးလေ့ကျင့်ခန်း လုပ်ပေးမလို့"

အပြုံးခပ်ယဲ့ယဲ့ နှင့် လိုက်ဖက်လှသော မျက်လုံး
စင်းစင်းတို့သည် အကျဉ်းသားများအတွက်တော့
ကြောက်စရာကောင်းလွန်းသော ဂျိုးဇက်၏
ရက်စက်မှုတစ်ခုအသွင်ကိုဆောင်သည်။ ဝှစ်အား
လက်ပိုက်လျက်ကြည့်နေသော ဂျိုးဇက်၏
အကြည့်များသည် အစွန်းစွန်ဆုံးသော ရက်စက်
မှုအားဖော်ဆောင်သော်လည်း ထိုအကြည့်တို့
အားတန်ပြန်နေသော ဝှစ်၏ ရီဝေဝေ မျက်ဝန်း
အိမ်လေးမှာတော့ နူးညံ့မှုတွေအပြည့်ပင်။

Before I Die Where stories live. Discover now