part-18

1K 67 23
                                    

Before I Die (p-18) (zawgyi)

"ဇိမ်း~~!"

နားနေခန်းတံခါးဝမှရပ်ကာ အသံပြုလိုက်သော
ကျောင်းအုပ်ကြီးအသံကြောင့် ဇိမ်း၏အတွေးလက်
စများ ပြတ်တောက်သွားခဲ့သည်။ရှေ့စားပွဲပေါ်မှ
မျက်မှန်အား အလျင်အမြန်ယူတပ်လိုက်ကာ
မတ်တပ်ရပ်လျက် ကျောင်းအုပ်ကြီးအား နှုတ်
ဆက်လိုက်၏။

"ဟုတ်ကဲ့!
အထဲဝင်ထိုင်ပါဦး ဆရာကြီး"

ပရော်ဖက်ဆာဇိမ်း၏ ဖိတ်ခေါ်မှုကြောင့် အခန်းထဲသို့ ကျောင်းအုပ်ကြီးဝင်လိုက်ပြီး ဇိမ်းနှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
"ဇိမ်း ဆရာ မင်းကိုအကူညီတစ်ခုတောင်းချင်လို့"

ကျောင်းအုပ်ကြီး၏စကားအား ဇိမ်း စိတ်ဝင်တစား
ပင် နားထောင်နေလေသည်။ကျောင်းသားဘဝ
ကတည်းကပင် ဆရာတစ်ယောက်ဖြစ်လာသည်
ထိ ဆရာသမား၏ စကားကိုတလေးတစားနား
ထောင်တတ်သည်မှာ ဇိမ်း၏ အရင်အတိုင်း
မပြောင်းလဲသော အကျင့်ကောင်းတစ်ခါဟု
ကျောင်းအုပ်ကြီးမှတ်ချက်ချမိ၏။

"Earth Sciences ဌာနက ရူပဗေဒ
အချိန်ပိုင်းဆရာ အလုပ်ထွက်သွားတယ်ကွ
အဲ့တော့ အခုဌာနမှာ ဆရာတစ်ယောက် လိုနေတယ်။ အဲ့တာဆရာက မင်းကို ခနအစားထိုး ထည့်ထားချင်လို့ ဘယ်လိုလဲအဆင်ပြေရဲ့လား
ဇိမ်း ~~"

"အော် ဘာများလဲလို့ ရပါတယ်ဆရာ
ကျနော်အဆင်ပြေပါတယ်
ဝင်ရမယ့် အခန်းတွေနဲ့ အချိန်ဇယားသာ ပို့လိုက်ပါ
ကျနော်ကြည့်ပြီး စီစဉ်လိုက်ပါ့မယ်"

ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နှင့် ဗျာများနေ
သော်လည်း ကျောင်းအုပ်ကြီး၏ အကူညီအား
ဇိမ်းမငြင်းပယ်ခဲ့ပေ။မပြီးပြတ်သေးသည့်
သုတေသနစာတမ်းအား နှောင့်နှေးသွားမှာကိုသာ စိုးရိမ်နေမိသည်။ကျောင်းအုပ်ကြီးအား စိတ်မပူဖို့ မှာကြားနေသော ဇိမ်း၏ ရင်ထဲမှအပူမီးကို
မည်သူမှမြင်နိုင်မည်မဟုတ်ပါ။အတော်တန်စကား
ပြောပြီး ကျောင်းအုပ်ကြီး အခန်းထဲမှ ထွက်သွား
သည်နှင့် သက်ပြင်းရှည်တစ်ခုအား ဇိမ်း ခါးခါး
သည်းသည်းပင် ချလိုက်သည်။

Flashback~~
လွန်ခဲ့သော ရက်သတ္တပတ်ခန့်၌~~
Royal Astronomical Society, UK

"လွန်ခဲ့တဲ့ 5 လလောက်က နေအဖွဲ့အစည်း
အပြင်ဘက်ကနေ ဥက္ကာခဲလို အရာဝတ္ထုတစ်ခု
အာကာသထဲ ရောက်လာတယ်လို့ NASA က
ပြောတယ်။ အဲ့ထိပြသနာမရှိသေးဖူး ။
အခု အဲ့အရာဝတ္ထုက ကမ္ဘာနဲ့အနီးဆုံးမှာရှိနေတဲ့
နယူထရွန်ကြယ်ကို ဝင်တိုက်မိပြီး ကြယ်မျက်နှာပြင်အက်ကွဲရာကနေ အခုကြယ်က ရုတ်တရက်တောက်ပလာတယ် ။ အဲ့တော့ နဂါးငွေ့တန်းဂလက်ဆီ ဗဟိုကနေ M87 blackhole ထိ ရိုက်ကူးနေတဲ့လေ့လာရေး ကင်မရာတွေကို ကြယ်ရဲ့အလင်းရောင်က မြင်ကွင်းနှောက်ယှက်နေတော့ အာကာသထဲက ဘာဆိုဘာမှကို မမြင်ရတော့ဖူး ။ ဘယ်အချိန်ထိ ဒီကြယ်က မြင်ကွင်းနှောက်ယှက်နေမှာလဲ ။ ပြီးတော့ နေရဲ့ mass ထက် 1.2 နဲ့ 3 ဆ ကြားမှာရှိနေတဲ့ကြယ်တစ်လုံးက ကမ္ဘာနဲ့အနီး
ဆုံးမှာဆွဲငင်အားကောင်းကောင်းနဲ့တောက်ပနေတာစိတ်အေးရတဲ့အခြေအနေတော့မဟုတ်ဖူး ဆိုတာဒီအစည်းဝေးခန်းထဲက ပညာရှင်တွေ အားလုံးသိမှာပါ။ ဒါ့ပြင် ပရော်ဖက်ဆာ ဇိမ်းဝီလျှံရဲ့ သုတေသန စာတမ်းအရ
white Dwarf (ကြယ်ဖြူပု) နဲ့ ကမ္ဘာကိုပတ်နေတဲ့ NGC 4486 လိုမျိုးကြယ် နှစ်စင်းသာ နယူထရွန်ကြယ်နဲ့ ဂလက်ဆီဗဟို
မှာ သုံးစင်းတန်းမိရင် နှစ်ပေါင်းတစ်ရာမှာမှ တစ်ခါဖြစ်တတ်တဲ့ အချိန်ကွေးညွှတ်ခြင်း(time
warp)တွေ ဖြစ်လာလိမ့်မယ် !"

Before I Die Tempat cerita menjadi hidup. Temukan sekarang